APM၊ ဒီဇမ်ဘာ ၂ /၂၀၂၃
အကြမ်းဖက် စစ်ကောင်စီက ကြည်း၊ရီ၊လီအင်အားအလုံးအရင်းနန့် တရပ်စပ် ပိတ်ဆို့တိုက်ခိုက်နီရေ ပေါက်တောမြို့ကို ဒီဇမ်ဘာ ၁ ရက်နိမာ စစ်ကောင်စီ၏ နေဗီသင်္ဘော (၄၄၆)က လက်နက်ကြီးနန့် ပစ်ခတ်တိုက်ခိုက်ခလို့ အမှတ် (၃) ရပ်ကွက်ဟိ နီအိမ်တိ မီးလောင်ပြာကျလားခရေလို့ ညီနောင်မဟာမိတ်(၃)ဖွဲ့က ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ ဒီဇမ်ဘာ ၁ ရက်နိ ညဇာ (၃) နာရီအချိန်လောက်က တောင်ဖူးကျေးရွာနန့် သဝင်ချောင်း ကျေးရွာကြားမာရပ်နားထားရေ အကြမ်းဖက် စစ်ကောင်စီ၏ နေဗီသင်္ဘော (၄၄၆)က ပေါက်တောမြို့ကို လက်နက်ကြီးနန့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခလို့ ပေါက်တောမြို့၊ အမှတ် (၃) ရပ်ကွက် အတွင်းသို့ လက်နက်ကြီးကျည်တိ ကျရောက်ပေါက်ကွဲခရာ ၎င်းရပ်ကွက်ဟိ နီအိမ်အများအပြား ညည့် (၉) နာရီအချိန်ထိ မီးလောင်ကျွမ်းခရေ လို့ဆိုပါရေ။
ယင်းအပြင် ဒီဇမ်ဘာ ၁ ရက်နိ၊ မိုးထ ၁၁ နာရီ အချိန်လောက်ကလည်း စစ်ကောင်စီ၏ ဂျက်တိုက် လီယာဉ် ၁ စီး စွာ ပေါက်တောမြို့ထဲသို့ (၂) ကြိမ်တိုင်တိုင်လာရောက်ပနာ ဗုံး (၄) လုံး ကြဲချခပိုင်၊ တချိန်တည်းမာ MiG-35 တိုက်ခိုက်ရီးရဟတ်ယာဉ်နန့် လည်း အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခရေပိုင် မွန်းလွဲ ၂ နာရီ ၅ မိနစ်အချိန် လောက်ကလည်း ယင်းတိုက်ခိုက်ရီးရဟတ်ယာဉ်နန့် ဒုတိယအကြိမ်လာရောက်ပစ်ခတ်တိုက်ခိုက်ခသိမ့်ရေလို့ ဆိုပါရေ။
တအာင်းပြည်နယ်မာ ဒီဇမ်ဘာ ၁ ရက်နိ၊ မိုးထ ၅ နာရီအချိန်က တပ်မဟာ (၁) စစ်ဒေသ၊ မူဆယ်မြို့နယ်ဟိ စစ်ကောင်စီအခြီချထားရေနမ့်ပေါ်စခန်းကို တအာင်းတပ်မတော် (TNLA) က (၅) ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ခပြီးနောက် အပြီး သတ်ချေမှုန်း သိမ်းပိုက်ခပါရေ။
တိုက်ပွဲဖြစ်နီချိန် စစ်ကောင်စီတပ်ကလက်နက်ကြီးတိနန့် အကြိမ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခပြီးကေ ဂျက်ဖိုက်တာနန့် (၂၁) ကြိမ်၊ Y8/Y12 လီယာဉ်နန့် (၅)ကြိမ်၊ Mi35၊ Mi17 ရို့နန့် (၃) ကြိမ်ထက်မနည်း ပစ်ကူတိုက်ခိုက်ခပါရေ။
အဆိုပါတိုက်ပွဲအတွင်း စစ်သုံ့ပန်း ၂ ယောက်ဖမ်းဆီးရခပြီးကေ 60 MM လက်နက်ကြီး၊ လက်နက်မျိုးစုံ (၃၂) လက်၊ ကျည်တိနန့် စစ်အသုံးအဆောင် ပစ္စည်းတိ သိမ်းဆည်းရဟိခကြောင်း သိရပါရေ။
ယင်းအပြင် တအာင်းပြည်နယ်၊ တပ် မဟာ (၂) စစ်ဒေသ၊ သီပေါမြို့နယ်ဟိ စစ်ကောင်စီ၏ စဥ့်အင်ရဲစခန်းကို ဒီဇမ်ဘာ ၁ ရက်နိ မိုးထ ၆ နာရီ ၃၀ မိနစ်မာ TNLA က အပြီးသတ်ချေမှုန်းသိမ်းပိုက်ခပါရေ။
ယင်းတိုက်ပွဲဖြစ်နိချိန်ကလည်း စစ်ကောင်စီ၏ Jet Fighter စွာ တိုက်ပွဲဖြစ်တေနီရာသို့ (၁) ကြိမ် လာရောက်ပစ်ကူပီး တိုက်ခိုက်ခပါသိမ့်ရေ။
စဥ့်အင်ရဲစခန်း”တိုက်ပွဲမာတော့ လက်နက် (၈) လက်၊ ပစ္စတို (၃) လက်၊ ကျည်တိသိမ်းဆည်းရဟိခပြီးကေ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင် ၂ ယောက် ဖမ်းဆီးရမိခရေလို့ ထုတ်ပြန်ချက်မာဖော်ပြပါရေ။
ဒီဇမ်ဘာ ၁ ရက်နိ၊ မိုးထ ၆ နာရီ ၃၀ မိနစ်က တအာင်းပြည်နယ်၊ တပ်မဟာ (၅) စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ်ဟိ စစ်ကောင်စီ၏ နမ့်ဖတ်ကာစခန်း ကိုလည်း TNLA က ထိုးစစ်ဆင်တိုက်ခိုက်ခပါရေ။
ဒီဇမ်ဘာ ၁ ရက်နိတရက်တည်းမာပင် စစ်ကောင်စီစွာ တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ ကျောက်မဲမြို့နယ်၊ ကြူရှောကျေးရွာ၊ နမ့်ရင်ကျေးရွာနန့် အေသျှားဝေါ တိုးဂိတ်အနားတဝိုက်ကို မိုးထ ၉ နာရီ ၉ မိနစ်မာ လက်နက်ကြီးနန့် (၁၄) ကြိမ်၊ တပ်မဟာ (၆) စစ်ဒေသ၊ လားသျှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာအနားပတ်ဝန်းကျင်ကို နိခင်း ၁ နာရီ ၁၀ မိနစ်မာ လက်နက်ကြီးနန့် (၅) ကြိမ် ပစ်ခတ် တိုက်ခိုက်ခပါရေ။
အလားတူ စစ်ကောင်စီစွာ နမ့်ခမ်းမြို့နယ်၊ လွယ်အွန်ကျေးရွာနန့်စခန်းသစ်ကုန်းဖက်မာ Jet Fighter နန့် (၄) ကြိမ်၊ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာနန့် (၁၀၅) မိုင် တပ်စခန်းဖက်မာ Jet Fighter နန့် (၂) ကြိမ် ပစ်ကူပီးတိုက်ခိုက်ခပါရေ။
အလားတူ ရက္ခိုင့်တပ်တော် (AA) က ပေါက်တောမြို့တွင်း စစ်ကောင်စီ၏ ပြန်ပီးဆွဲလို့လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ခံထားရရေ မြို့ခံပြည်သူတိကို အန္တရာယ်ကင်းစွာ ဆက်လက်ကယ်ထုတ်နိုင်ရီးအတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တိနန့် တိုက်ပွဲပြင်းထန်လျက်ဟိပိုင် ပလက်ဝမာ ရန်သူစစ်ကောင်စီက အခိုင်အမာအခြေချထားရေ တရွန်အိုင်” ဗျူဟာနန့် နှုံးဘူး” ဗျူဟာ နှစ်ခုကို အပြီးသတ်သိမ်းပိုက်နိုင်ရီးအတွက် စစ်ဆင်ရီး (၁၈) ရက်နိ မြောက်အဖြစ် ရက္ခိုင့်တပ်တော် (AA) နန့်စစ်ကောင်စီရို့ကြား တိုက်ပွဲတိ ပြင်းထန်လျက်ဟိပနာ ရန်သူစွာ လီကြောင်းခုခံစစ်ကို အပြင်းအထန် သုံးခရေလို့ဖော်ပြထား ပါရေ။
ယေပြီးကေ ဒီဇမ်ဘာ ၁ ရက်နိ၊ နိခင်း ၁၂ နာရီ ကျော်အချိန်လောက်က ဘူးသီးတောင် မြို့နယ်မာစစ်ကောင်စီက လက်နက် ချေတိနန့် အရပ်သားပြည်သူတိနီထိုင်ရာ မြို့ပေါ်ရပ်ကွက်တိသို့ တမင်တကာ ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်တိုက် ခိုက်ခလို့ဘူးသီးတောင်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ လမ်းမ ဘုန်းကြီးကျောင်းစစ်ဖီးယှောင်စခန်း က မသန် စွမ်း သက်ကြီးပိုင်းအမျိုးသား ၁ ယောက် အပြင်းအထန် ဒဏ်ရာရဟိခပိုင်၊ ယင်းနိ ညဇာ ၄နာရီ အချိန်လောက်ကလည်း အမ်းမြို့နယ်၊ ကဇုကိုင်းကျေး ရွာ၊ တောဟိန်းတောင်အခြီချ စစ်ကောင်စီတပ်ရင်းကလက်နက်ကြီးတိနန့်
အရပ်သားပြည်သူတိနီထိုင်ရာ ကျေးရွာ တိသို့ ရည်ရွယ်ချက်ဟိဟိ ယမ်းကားပစ်ခတ်ခစွာကြောင့် အမ်းမြို့နယ်၊ ဒါးလက်ရွာဟောင်းဟိ ဥယျာဥ်ခြံ တ ခုအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခရာ ၎င်းခြံထဲမာ ဟိနီ ရေ လူလတ်ပိုင်း အမျိုးသမီး ၁ ယောက်ထိခိုက်ဒဏ်ရာ ရလားခရေလို့သိရပါရေ။
ယင်းအပြင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်တိ စွန့်ခွာထွက်ဗြီးလားခရေ တပ်စခန်းတိနန့် ၎င်း၏လက်အောက်ခံ ရဲစခန်းတိမာ အရပ်သားပြည်သူတိနီထိုင်ရာ မြို့၊ ကျေးရွာတိကို တမင်တကာရည်ရွယ်ချက်ဟိဟိ ပစ်မှတ်ထားပနာ ဦးတည် တိုက်ခိုက်လိုရေ အကြံအစည်နန် ၎င်းရို့တွက်ချက်ထားရေ ပစ်မှတ်အကွာအဝီးဆိုင်းဘုတ်တိက တဆင့် ရန်သူ စစ်ကောင်စီစွာ ရက္ခိုင်ပြည်တွင်း ရက္ခိုင့်တပ်တော် (AA) နန့် တိုက်ပွဲဖြစ်ပွားခြင်း မဟိသိမ့် ခင်ကပင် အရပ်သား ပြည်သူတိအပေါ် စစ်ရာဇဝတ်မှုကျုးလွန်ဖို့ ကြိုတင်ပြင်ဆင်ထားစွာကို တွိဟိခရေလို့ ဆိုပါရေ။
ယေဇူးနန့် ဒေဂုပိုင် အရပ်သားပြည်သူတိကို ပစ်မှတ်ထားပနာ ရည်ရွယ်ချက်ရှိဟိဟိသတ်ဖြတ်နီရေ ရန်သူ တပ်ဖွဲ့ဝင်တိကို ဆက်လက်ချေမှုန်းလားဖို့ဖြစ်စွာကြောင့် အရပ်သားပြည်သူတိအနီနန့်လည်း စစ်ရီးသတိ၊ အသိနန့်လားလာလှုပ်ယှားကတ်ဖို့ အထူးမှာကြားလိုပါရေလို့ဆိုပါရေ။
မိမိရို့ညီနောင်မဟာမိတ် (၃) အဖွဲ့အနီနန့်လည်း ၁၀၂၇ စစ်ဆင်ရီးဆင်နွှဲလာရေ တလကျော်ကာလအ တွင်း သတ်မှတ် ထား ရေ စစ်ဆင်ရီး ရည်မှန်းချက်တိကို အပြီးသတ်အောင်ပွဲရဟိရေထိ ရန်သူ့ပစ်မှတ်တိကို ဆက်လက်ထိုး စစ်ဆင်လျက်ဟိ ပြီးကေ ရန်သူ့ စခန်းကြီး၊ စခန်းချေတိ၊ ရဲဖက်ဆိုင်ရာစခန်းတိ အပါအဝင် ရန်သူကို အထောက်အပံ့ ပြုနီရေ ဒေါက်တိုင်တိကို တရက်ပင် ရပ်နားခြင်းမဟိဘဲ ဆက်လက်ချေမှုန်းလျက်ဟိကြောင်း၊ စစ်ဆင်ရီး (၃၆) ရက် မြောက် နိမာလည်း အယင်ရက် တိ နည်း တူ ရန်သူ့စခန်းအချိုနန့် စစ်လက်နက်ခဲယမ်း၊ ရန်သူ့အလောင်း အမြောက်အမြားကိုလည်း ထပ်မံရ ဟိခကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။