
APM၊ ဒီဇမ်ဘာ၂ / ၂၀၂၃
ဘူးသီးတောင်မြို့မာ (ဒီဇမ်ဘာ ၁ရက်နိ) နိခင်းက ဒေသခံ ၄ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တိ ဖမ်းယူလားကြောင်း သိရပါရေ။
အဖမ်းခံရရေလူတိမာ ဘူးသီးတောင်မြို့၊အမှတ်(၅)ရပ်ကွက်က ဦးမောင်သန်း(၅၄နှစ်)၊ ဒေါ် မအေးသန်း(၄၈နှစ်)၊ မောင်မြတ်ဌေးနိုင်(၁၇နှစ်) နန့် ဦးထွန်းထွန်းစိုး (၃၆ နှစ်) ဖြစ်ပါရေ။
ဦးမောင်သန်း၊ ဇနီး ဒေါ် မအေးသန်းနန့် သား မောင်မြတ်ဌေးနိုင်(၁၇နှစ်) ရို့ ၃ ယောက်မာ မိသားစုတစုဖြစ်ကတ်ပြီး၊ ဒီဇမ်ဘာ ၁ ရက်နိ၊ နိခင်း ၁ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ နီအိမ်ထဲသို့ဝင်စစ်ရာ မောင်မြတ်ဌေးနိုင်ကိုင်ဆောင်ရေ ဖုန်းထဲ ရက္ခိုင့်တပ်တော် AA ဓာတ်ပုံတိ တွိရေဆိုပနာ မိသားတစုလုံး ဖမ်းယူလားစွာဖြစ်ပါရေ။
ဦးထွန်းထွန်းစိုးကိုတော့ ဒီဇမ်ဘာ ၁ ရက်နိ၊ နိခင်း ၁ နာရီကျော်လောက်က လမ်းမထက်မာ လားနီစွာကနီ ဖမ်းယူလားရေလို့ဆိုပါရေ။
ရက္ခိုင်မာ ရက္ခိုင့်တပ်တော် နန့် စစ်ကောင်စီတပ်ရို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားချိန်ကစလို့ စစ်ကောင်စီတပ်က ဒေသခံပြည်သူတိကို နိတိုင်းဆိုရေပိုင် မတရားဖမ်းဆီးလျက်ဟိပါရေ။
နိုဗမ်ဘာ ၁၃ ရက်နိကနီ ဒေနိအထိ ဘူးသီးတောင်က ဒေသခံ ၂၄ ယောက်ထက်မနည်း စစ်ကောင်စီ ဖမ်းဆီးထားပြီးကေ ရက္ခိုင်ပြည် မြို့နယ်အသီးသီးကလည်း ဒေသခံပြည်သူ ၁၀၀ ကျော်ကို စစ်ကောင်စီတပ်က မတရားဖမ်းဆီးထိန်းသိမ်းထားကြောင်း သိဟိရပါရေ။
