
APM ၊ ဒီဇမ်ဘာ ၂/၂၀၂၃
ရသေ့တောင်မြို့နယ်မာ ဒေနိ(ဒီဇမ်ဘာ ၂ ရက်နိ) နိခင်းက အသက် ၃၄ နှစ်အရွယ် ဒေသခံအမျိုးသမီးတယောက် ရီတွင်းထဲပြုတ်ကျပနာ ရီမြုပ်သီဆုံးလားကြောင်း သိရပါရေ။
သီဆုံးလားလူမာ ရသေ့တောင်မြို့နယ်၊ ခွဆုံရွာက ဒေါ် ဦးခင်မြင့်(၃၄နှစ်) ဖြစ်ပါရေ။
ဒေါ်ဦးခင်မြင့်စွာ ဒေနိ နိခင်း ၁၂ နာရီလောက်က ရွာအနောက်ဖက်ဟိ ရီတွင်းမာ ရီခပ်နီယင်းနန့် အားလွန်ပြီးကေ ရီတွင်းထဲပြုတ်ကျ သီဆုံးလားစွာလို့ ရွာသားတိက ပြောပါရေ။
ဒေါ်ဦးခင်မြင့်၏ ရုပ်အလောင်းကိုတော့ ဒီဇမ်ဘာ ၃ ရက်နိ နိခင်း ရွာသင်္ချိုင်းမာ သင်္ဂြိုလ်လားဖို့လို့ သိဟိရပါရေ။

Please follow and like us: