
APM၊ နိုဗမ်ဘာ ၂/ ၂၀၂၃
၁၀၂၇ စစ်ဆင်ရီး၏ (၇) ရက်မြောက်နိဖြစ်တေ ဒေနိ(နိုဗမ်ဘာ ၂ရက်)နိမာ စစ်ကောင်စီ၏ တပ်စခန်း ၂ ခုကို ထပ်မံသိမ်းပိုက်လိုက်ပြီးကေ မြို့ ၄ မြို့ကို အပြီးသတ်ထိန်းချုပ်ထားကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ဒေနိ နိခင်း ၂ နာရီခွဲအချိန် ထုတ်ပြန်ပါရေ။
ဒေနိ နိုဗမ်ဘာ၂ ရက်နိ၊ မိုးထ ၆ နာရီ ၁၂ မိနစ်နန့် ၇ နာရီ ၄၂မိနစ်ရို့မာ ကိုးကန့်ခရိုင်၊ တုံးသျှမ်းဒေသဟိ စစ်ကောင်စီတပ်စခန်း ၂ ခုကို အပြီးသတ်ချေမှုန်းတိုက်ခိုက်နိုင်ခရေလို့ ဆိုပါရေ။
ကုန်ခရေ အောက်တိုဘာ ၂၇ ရက်နိက စလို့ ဒေနိ နိုဗမ်ဘာ ၂ ရက်နိအထိ ၁၀၂၇ စစ်ဆင်ရီး ၇ ရက်တာ ကာလအတွင်း ညီနောင် မဟာမိတ် (၃) ဖွဲ့အနီနန့် ချင်းသျွှေဟော်၊ ဖောင်းဆိုင်၊သိန္နီ နန့် ကြူကုတ်(ပန်ဆိုင်း)မြို့တိကို အလုံး စုံ ထိန်းချုပ်ထားပြီးဖြစ်ပါရေ။
တချိန်တည်းမာ ဒေနိ မိုးထ ၆ နာရီလောက်က တအာင်းတပ်မတော် (TNLA) နန့် MDY- PDF ပူးပေါင်းတပ်ဖွဲ့ရို့စွာ နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာနန့် အုမ္မတီးကျေးရွားအကြားဟိ စစ်ကောင်စီတပ်စခန်း တခုကို ထိုးစစ်ဆင်တိုက်ခိုက်ခပါရေ။
ယင်းအပြင် တအာင်းတပ်မတော် (TNLA)က နမ့်ခမ်းမြို့နန့် မန့်ဝိန်းကြီးအကြား ဆက်သွယ်ထားရေ ရန်သူစစ်ကောင်စီတပ်၏ ရွှေလီကြိုးတံတားရဲကင်း ကို နိခင်း ၁၁ နာရီ ၅၀ မိနစ်လောက်မာ လားရောက်ယှင်းလင်းခရေလို့ ညီနောင်မဟာမိတ် (၃)ဖွဲ့၏ ထုတ်ပြန်ချက်မာ ဖော်ပြထား ပါရေ။
အလားတူ အောက်တိုဘာလ ၃၁ရက်နိကလည်း မူဆယ်ခရိုင်၊ မုံးကိုး မြို့၊ ဖောင်းဆိုင်ဒေသမာ စစ်ကောင်စီ၏ သံချပ်ကာကား ၁ စီးကို ထပ်မံ သိမ်းဆည်းရမိခရေအတွက် ရန်သူ့ သံချပ်ကာစုစုပေါင်း (၆) စီး သိမ်းဆည်းရမိထားပြီးကေ သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီနန့် ကွမ်းလုံမြို့တိမာ စစ်ဟိန်မြင့်တက်နီကြောင်းလည်း သိဟိရပါရေ။
