( စစ်ကောင်စီ၏ သံချပ်ကာကားတိ၊ ဟောင်ဝစ်ဇာအမြောက်ကြီးတိကို ချေမှုန်းဖျက်ဆီး )
APM၊ နိုဗမ်ဘာ ၂/ ၂၀၂၃
၁၀၂၇ စစ်ဆင်ရီး (၆) ရက်မြောက်နိအပြီးမာ စစ်ကောင်စီ၏ အရေးပါရေ တပ်စခန်းပေါင်း (၉၀) ကျော်ကို အပြီး သတ်ချေမှုန်း တိုက်ခိုက်သိမ်းပိုက်ခပြီးကေ စစ်ကောင်စီ၏ သံချပ်ကာတိ၊ဟောင်ဝစ်ဇာအမြောက်ကြီးတိကိုလည်း ချေမှုန်း ဖျက်ဆီးခရေလို့ ညီနောင်မဟာမိတ်(၃)ဖွဲ့က ဒေနိ(နိုဗမ်ဘာ ၂ရက်)နိ၊ နိခင်း ၁ နာရီ ၅၀ မိနစ်မာ ထုတ်ပြန်ပါရေ။
ညီနောင်မဟာမိတ်တိသိမ်းနိုင်ခရေ နိုဗမ်ဘာ ၁ ရက်နိ မိုးထ ၇ နာရီမာ ကိုးကန့်တပ်မတော် (MNDAA) လှုပ်ယှားနယ်မြီထဲက တုန်သျှမ်းဒေသဟိ စစ်ကောင်စီ၏ မန်တုံပတပ်စခန်းလည်းကောင်း၊ ညဇာ ၃ နာရီ ၁၅ မိနစ်မာ တပ်မဟာ(၅) စစ်ဒေသ၊ မိုင်းယု-နမ့်ဖတ်ကာအကြားဟိ စစ်ကောင်စီ၏ “ရင်ကွဲတောင်တပ်စခန်း” ကိုလည်းကောင်း အပြီးသတ်ချေမှုန်းနိုင်ခရေလို့ ဆိုပါရေ။
အလားတူ ညဇာ ၃ နာရီ ၄၅ မိနစ်မာ တအာင်းပြည်နယ်၊ တပ်မဟာ(၁) စစ်ဒေသ၊ မူဆယ်-နမ့်ခမ်းမြို့အဝင် စစ်ကောင်စီနန့် ပြည်သူ့စစ်ပူးပေါင်း မန်ခမ်းတပ်စခန်း၊ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာဟိ စစ်ကောင်စီနန့် စိန်ကျော့ပြည်သူ့စစ် ပူးပေါင်းတပ်စခန်း ရို့ကိုလည်း သိမ်းပိုက်ခပါရေ။
နောင်ချိုမြို့နယ်၊ ပြင်ဦးလွင်နားမာ စစ်ကောင်စီ၏ သံချပ်ကာ (၂) စီး၊ စစ်ကား (၂၂) စီးနန့် စစ်ကူတိ ရောက်လာလို့ တအာင်းတပ်မတော် (TNLA) နန့် MDY-PDF ပူးပေါင်းတပ်ဖွဲ့ရို့က အုမ္မခါးကျေးရွာနားမာ တားဆီးတိုက် ခိုက်ခပါရေ။
အဆိုပါတိုက်ပွဲမာ မဟာမိတ်တိဖက်က သံချပ်ကာတစီးကို RPG -7 နန့် ပစ်ခတ်တိုက်ခိုက်ခရာ စစ်ကောင်စီတပ်စွာ အုမ္မတီး ကျေးရွာဖက်သို့ ဆုတ်ခွာထွက်ဗြီးလားရေလို့ ဆိုပါရေ။
အဆိုပါတိုက်ပွဲတိအတွင်း စစ်ကောင်စီ၏ သံချပ်ကာကားတိကို ဖျက်ဆီးပနာ လက်နက်ခဲယမ်းအမြောက်အမြားနန့် စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းတိကို သိမ်းဆည်းရမိခရေပိုင် စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိခရေလို့ သိရပါရေ။
စစ်ကောင်စီအနီနန့် တိုက်ပွဲဖြစ်ပွားခြင်းမဟိရေ နီရာတိသို့ လက်နက်ကြီးတိနန့် ရမ်းသန်းပစ်ခတ်ခြင်း၊ လီကြောင်း တိုက်ခိုက် ခြင်းတိကို ရည်ရွယ်ချက်ဟိဟိ အဟုန်မြှင့်လုပ်ဆောင်နီရေလို့ ဆိုပါရေ။
နိုဗမ်ဘာ ၁ ရက်နိ တရက်တည်းမာပင် စစ်ကောင်စီတပ်စွာ ကျောက်မဲမြို့နယ်၊ အုမ္မခါးနန့် ဆမ်မဆယ်ကျေးရွာနားသို့ ဂျက်ဖိုက် တာဖြင့် (၂) ကြိမ်၊ ကျောက်မဲ (၅၀၂) တပ်စခန်းက နောင်ပြစ်ကျေးရွာနားသို့ လက်နက်ကြီးနန့် အကြိမ် (၂၀) ကျော် ၊KIA ဌာနချုပ် ဟိရာ လိုင်ဇာမြို့နားကို တိုက်လီယာဉ်နန့် (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းတိ လုပ်ဆောင်ခကြောင်း သိဟိရပါရေ။