APM၊ ဒီဇမ်ဘာ ၂/ ၂၀၂၃
ရက္ခိုင်ပြည်အတွင်း ကုန်းလမ်း၊ ရီလမ်းတိကို စစ်ကောင်စီက ပိတ်ဆို့ထားလို့ ပြည်တွင်းဈီးကွက်အတွင်း နိစဉ်နန့်အမျှ နိစဉ်အိမ်သုံးပစ္စည်းတိ ပြတ်တောက်နီပြီးကေ ကုန်စည်ဈီးနှုန်းတိမြင့်တက်နီကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရီးရုံး UNOCHA က ဒီဇမ်ဘာ ၁ ရက်နိ ထုတ်ပြန်ပါရေ။
စစ်ကောင်စီစွာ နိုဗမ်ဘာ ၁၃ ရက်နိကစလို့ စစ်တွေ-ရန်ကုန်ကားလမ်းနန့် ရက္ခိုင်ပြည်အတွင်းဟိ မြို့နယ်အသီးသီးကို ဆက်သွယ်ထားရေ အဓိက ကုန်းလမ်း၊ ရီလမ်းတိကို ပိတ်ဆို့ထားပနာ ကုန်စည်ပို့ဆောင်ရီးနန့် ကုန်သွယ်မှုအပါအဝင် လားလာလှုပ်ယှားမှုတိကို ပြင်းပြင်းထန်ထန်တားမြစ်ထားရေလို့ ဆိုပါရေ။
အဆိုပါ စစ်ကောင်စီ၏ ကုန်စည်စီးဆင်းမှုအပေါ် ပိတ်ဆို့မှုကြောင့် လက်ဟိအချိန်မာမြို့နယ်တချို့ စားနပ်ရိက္ခာပြတ်တောက်မှုတိဟိနီစွာဖြစ်ပါရေ။
ဒေဂုပိုင် စစ်ကောင်စီက မြို့နယ်တိအတွက် အဓိက သယ်ယူပို့ဆောင်ရီး လမ်းကြောင်းတိကို ပိတ်ဆို့ထားစွာရေ လူတိဖီးလွှတ်ရာသို့ တိမ်းယှောင်လားမှုကို ကန့်သတ်ထားစွာဖြစ်တေပိုင် လူသားချင်းစာနာမှု အကူအညီ တိပီးအပ်ရီးကိုလည်း အနှောင့်အယှက် ဖြစ်စီရေလို့လည်း ထုတ်ပြန်ချက်မာ ဖော်ပြပါရေ။
လက်ဟိ ရက္ခိုင်ပြည်နန့် မြန်မာပြည်အနှံ့မာ စစ်ကောင်စီနန့် EAOs၊ PDFs အဖွဲ့တိအကြား လက်နက်ကိုင်ပဋိပက္ခတိ ပြင်းပြင်းထန်ထန်ဆက်လို့ဖြစ်နီရေလို့ ဖော်ပြထားပါရေ။
မြန်မာပြည်အနောက်မြောက်နန့် အရှိတောင်ဖက်အနှံ့ဟိ မြို့နယ်တိမာ ဖြစ်ပွားနီရေတိုက်ပွဲတိကြောင့် အရပ်သားထိခိုက်သီဆုံးမှုနန့် ထိခိုက်ဒဏ်ရာရမှုတိ အများအပြားဖြစ်ပေါ်နီပြီးကေ အရပ်သားအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ခရရေလို့ ဆိုပါရေ။
အောက်တိုဘာ ၂၆ ရက်နိစလို့ ပဋိပက္ခတိ ပြင်းထန်ရေလောက်ကပင် လူပေါင်း ၅၀၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ဗြီးခရရေအတွက်မြန်မာပြည်အနှံ့မာ အိုးမဲ့အိမ်မဲ့ဖြစ်နီရေ လူ ၂ သန်းကို ထပ်လို့တိုးလာစီရေလို့ သတိပီးဖော်ပြထားပါရေ။
တချိန်တည်းမာ အကူအညီလိုအပ်နီရေလူတိအတွက် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ကျန်းမာရီးဝန်ဆောင်မှုတိနန့် အရပ်သားဖီးကင်းလုံခြုံမှုစရေ အရေးပါရေ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတိလိုအပ်နီကြောင်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
Source – Myanmar: Intensification of Clashes Flash Update #8
Photo – UNOCHA