APM၊အောက်တိုဘာ ၂ / ၂၀၂၄
မောင်တောမြို့နယ်မာ ငါးရှာလားယင်းနန့် ပျောက်ဆုံးနီရေ မိသားစုဝင်လေးယောက်စွာ ၃ ရက်ကြာလာကေလေ့ မိသားစုနန့် သတင်းအစအန မရသိမ့်လို့ ဒေသခံတိက ပြောပါရေ။
ပျောက်ဆုံးနီရေလူတိကတော့ မောင်တောမြို့နယ်၊ ကိုင်းကြီး(မြို)ရွာက ဦးဆိုင်ဝင်း(၄၅ နှစ်)၊ သားတိဖြစ်ကတ်တေ မောင်လင်ကြီး(၁၅ နှစ်)၊ မောင်အာမွန်း(၁၂ နှစ်)နန့် ဦးဆိုင်ဝင်း၏တူဖြစ်သူ မောင်ဒီကော်(၁၄ နှစ်)ရို့ဖြစ်ပါရေ။
သူရို့စွာ စပ်တမ်ဘာ ၃၀ ရက်နိက မေယုတောင်ခြီရင်းဟိ လက်ဝဲချောင်းသို့ ငါးရှာလားကတ်ယင်းနန့် ပျောက်ဆုံးလားခကတ်စွာလို့ မိသားစုဝင်တယောက်က ပြောပါရေ။
“၃၀ ရက်နိ၊ မိုးထ ၈ နာရီလောက်ကပင် မေယုတောင်းတန်းက လက်ဝဲချောင်းသို့ ငါးရှာလားခကတ်စွာပါ။ ယင်းနိကပင် ပျောက်နီစွာ ဒေနိအထိပါရာယေ။ ရွာသားတိစုပနာ ရှာခီကတ်လို့ တောထဲမာ သူရို့ အသုံးအဆောင်ပစ္စည်းတိရာ တွိခကတ်တေ။ လူတိကိုတော့ မတွိခ”
လက်ဟိမာ သူရို့လေးယောက်ပျောက်ဆုံးနီစွာ ၃ ရက်အထိကြာလာကေလေ့ သတင်းအစအန မရရေအတွက် မိသားစုဝင်တိ စိုးရိမ်နီကတ်တေလို့ ဆိုပါရေ။
မောင်တောမြို့နယ်က ကျေးလက်ဒေသနီပြည်သူတိစွာ တောတောင်ကို အမှီပြုလို့ သစ်ခွတ်၊ဝါးခွတ်၊ငါးရှာ၊ဟင်းရှာပနာ အသက်မွီးဝမ်းကျောင်းပြုနီကတ်လူဖြစ်ပြီးကေ မူဆလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တိဖြစ်ကတ်တေ ARSA၊ RSO၊ ARA အဖွဲ့ရို့၏ ဖမ်းဆီး၊သတ်ဖြတ်၊ဓားမြတိုက်စရေ လူမဆန်ရေလုပ်ရပ်တိကို မကြာမကြာ ကြုံတွိရလိဟိနီပါရေ။