
(စပ်တမ်ဘာ ၂၅ ရက်နိမှ အောက်တိုဘာ ၁ ရက်နိအထိ)
၁။ ၂၅-၉-၂၀၂၃ (တလင်းလာ)
(၁) ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့အကြား နှစ်ဖက်သဘောတူ အပစ်အခတ်ရပ်တန့်ထားကေလေ့ လက်ဟိ အချိန်အထိ ရက္ခိုင်ပြည်တွင်းသို့ ဆီးဝါးတိတင်သွင်းခွင့်ကို စစ်ကောင်စီက ဆက်လက်ကန့်သတ်ထားပါရေ။
(၂) မင်းပြားမြို့နယ်မာ စပ်တမ်ဘာ ၂၅ ရက်နိက မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးက ဦးမောင်လုံးနန့် ဦးစိုးမင်းသိန်းရို့၏ နွားတင်ဘုတ်တစီး ဒါးမြတိုက်ခံရလို့ ငွေကျပ်သိန်း ၁၀ ကျော်ပါလားပါရေ။
၂။ ၂၆-၉-၂၀၂၃ (အင်္ဂါ)
(၁) ရသေ့တောင်မြို့နယ်၊ မယူကမ်း၊ ပေါ်ကျွန်းပေါက်တောရွာက အလယ်တန်းပြဆရာမ ဒေါ်နှင်းယုနွယ် သတ်ဖြတ်ခံ ရမှုအတွင်း ထွက်ဗြီးလွတ်မြောက်နီရေ အဓိကသံသယဟိလူ ဦးမောင်မောင်အေးကို ကျွန်းပေါ်ပေါက်တောရွာဟိ သူ့အစ်မနီအိမ်မာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA က စပ်တမ်ဘာ ၂၆ ရက်နိ ပြန်ဖမ်းဆီး ရမိခပါရေ။
(၂) ရက္ခိုင့်တပ်တော် AA က အကြမ်းဖက်အဖွဲ့အစည်းတိကို လိုက်လံယှင်းလင်းနီရေ ရက္ခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘူးသီးတောင်မြို့နယ်မာ ဒေသခံပြည်သူတိအနီနန့် ယင်းအကြမ်းဖက်အဖွဲအစည်းတိနန့်ပတ်သတ်မှုမဟိကေ တစုံ တရာစိုးရိမ်ဖို့ မလိုကြောင်း AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခကပြောဆိုလိုက်ပါရေ။
၃။ ၂၇-၉-၂၀၂၃ (ဗုဒ္ဓဟူး)
တောင်ကုတ်တက္ကသိုလ်အနားမာ ပစ္စည်းလုယက်ပနာ ရက်ရက်စက်စက် သတ်ဖြတ်ခံခရရေ တောင်ကုတ်ဒေသခံ ဦးစံသိန်းအောင်အမှုက နောက်ထပ် သံသယတရားခံတယောက်ကို စပ်တမ်ဘာ ၂၆ ရက်နိမာ ထပ်လို့ ဖမ်းဆီးရမိခပါရေ။
၄။ ၂၉-၉-၂၀၂၃(သောကြာ)
စပ်တမ်ဘာ ၂၈ ရက်နိ မိုးထ ၁၀ နာရီ လောက်က ကချင်ပြည်ဟိ ခါယာတောင်က မြန်မာစစ်တပ်လက်နက်ကြီးနန့် ပစ်လို့ ကချင်လွတ်မြောက်ရီးတပ်မတော် KIA ဌာနချုပ်တည်ရာ လိုင်ဇာဟိ ရက္ခိုင့်တပ်တော် AA တပ်စခန်းတခုအတွင်း လက်နက် ကြီးကျည်ကျ ရောက်ပေါက်ကွဲပနာ AA ဗိုလ်ကြီးအဆင့် အရာဟိတယောက် ကျဆုံးလားခပြီး AA တပ်ဖွဲ့ဝင်တချို့လည်း ထိခိုက်ဒဏ်ရာတိ ရဟိလားပါရေ။
၅။ ၁-၁၀-၂၀၂၃ (တလင်းဂနီ )
အာရက္ခပြည်သူ့အစိုးရ၏တရားဥပဒေရီးရာဌာန၊ တရားရုံးနန့် ဥပဒေရုံးအသီးသီးမာတာဝန်ထမ်းဆောင်ဖို့ ဥပဒေရီးရာ လိကျင့်ရီးသင်တန်းသား/သူတိကို အောက်တိုဘာ ၁ ရက်နိကစလို့ခေါ်ယူနီကြောင်း တရားရီးဌာနက ထုတ်ပြန်ကြေညာပါရေ။
