APM ၊ ဂျန်နဝါရီ ၂ / ၂၀၂၃
ကုန်ခသည့် ဒီဇမ်ဘာ ၃၀ ရက်နိက ပုဏ္ဏားကျွန်းမြို့၊ ဂူဝဘုရား ရှိနားဟိ ဖော်တော်ချေထက်မှ မြစ်ထဲသို့ ပြုတ်ကျ ကာ ရီမြုပ်ပျောက်ဆုံးလားခသူ ပုဏ္ဏားကျွန်းမြို့ခံတဦး၏ ရုပ်အလောင်းကို ဒေနိ(ဂျန်နဝါရီ ၂ ရက်နိ)တွင် ပြန်တွိ ခကြောင်း မြို့ခံများက ပြောသည်။
ရီမြုပ်၍ ပျောက်ဆုံးလားခသူမှာ ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းပိုင်းရပ်ကွက်မှ ဦးကျော်သန်း (၄၃နှစ်) ဖြစ်သည်။
ဦးကျော်သန်းသည် ကုန်ခသည့် ဒီဇမ်ဘာ ၃၀ ရက်နိက ပုဏ္ဏားကျွန်းမြို့၊ ဂူဝဘုရား ရှိက ဖော်တော်ချေမှ မြစ်ထဲသို့ ပြုတ်ကျလားခပြီး၊ ၃ ရက်ကြာ ပျောက်ဆုံးနီခရာမှ ဒေနိ မိုးထ ၉ နာရီခန့်၌ ကျောက်ဆိပ်ရွာနား ကုလားတန်မြစ် ကမ်းစပ်တွင် ၎င်း၏ ရုပ်အလောင်းကို ပြန်လည်တွိဟိခခြင်း ဖြစ်သည်။
ဦးကျော်သန်း၏ရုပ်အလောင်းကို မိသားစုဝင်များမှ ဒေနိ နိခင်း ၁ နာရီခန့်က ပုဏ္ဏားကျွန်းသင်္ချိုင်း၌ သင်္ဂြိုလ်ပြီးဖြစ် ကြောင်း သိဟိရသည်။