APM၊ ဂျန်နဝါရီ ၂/ ၂၀၂၄
ကိုးကန့်ဒေသမာ ဆိုင်ဘာမှုခင်းကို အမြစ်မပြတ်မချင်း ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရီးကြီးကို လုံးဝရပ်စဲလားဖို့ မဟုတ်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)က ကြေညာပါရေ။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) စစ်ဦးချုပ်လည်းဖြစ်၊ သျှမ်းပြည်နယ်၊ အထူးဒေသ(၁) အုပ်ချုပ်ရီးကော်မတီဥက္ကဋ္ဌလည်းဖြစ်တေ ဦးဖုန်တဲရင်က ၂၀၂၄ ခုနှစ်အတွက် ပြည်သူလူထုသို့ နှစ်သစ်ကူး သဝဏ်လွှာ ပီးပို့စွာမာ ယင်းပိုင်ဖော်ပြထားစွာဖြစ်ပါရေ။
အဆိုပါကြေညာချက်မာ ကိုးကန့်ဒေသ၏ ဆိုင်ဘာမှုခင်းကို အမြစ်ပြတ်ယှင်းလင်းပြီး ပြည်သူလူထုကို ကယ်တင်ဖို့ ရှိတာကြာကျူ(ကိုးကန့်ရုပ်သီးမိသားစုကြီး(၄)ဖွဲ့နန့် ၎င်းနောက်ကွယ်ဟိ အင်အားစုကြီးကို အမြစ်ပြတ် ယှင်းထုတ် ရဖို့ဖြစ်ကြောင်း၊ MNTJP/ MNDAA အနီနန့် အထူးဒေသ(၁)အုပ်ချုပ်ရီးကော်မတီရို့ကို ကိုယ်စားပြုလို့ ဆိုင်ဘာမှုခင်းတိုက်ဖျက်တေ စိတ်ဓာတ်လုံးဝ ယိုင်ခါလားဖို့မဟုတ်ကြောင်းနန့် ကိုးကန့်ဒေသမာ ဆိုင်ဘာမှုခင်းကို အမြစ်မပြတ်မချင်း ညီ နောင်မဟာမိတ်(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရီးကြီးကို လုံးဝရပ်စဲလားဖို့မဟုတ်ကြောင်း ဖော်ပြထားပါရေ။
ညီနောင်(၃)ဖွဲ့အနီနန့် ကိုးကန့်ဒေသမာ ၁၀၂၇ စစ်ဆင်ရီးအတွင်း ဆိုင်ဘာမှုခင်း လုပ်ဆောင်ရေနီရာ ၃၀၀ ကျော်ကို ဖြိုခွဲနိုင်ခပနာ ဆိုင်းဘာမှုခင်းလုပ်ငန်းသျှင် ထောင်နန့်ချီဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ လွှဲအပ်ပီးနိုင်ခရေလို့ ဆိုပါရေ။
ဆိုင်ဘာမှုခင်းလုပ်ငန်းနန့်ပတ်သက်တေ တရုတ်လူမျိုး လေးသောင်းကျော်ကိုလည်း တရုတ်ပြည်တွင်းသို့ ပြန်လည် ပို့ဆောင် ပြီးကေ ပြစ်မှုတိဝန်ခံစီခရေလို့ ဖော်ပြထားပါရေ။
မြန်မာစစ်အုပ်စုရေ ကိုးကန့်ရုပ်သီးအဖွဲ့တိကို အာဏာပီးအပ်ပြီးကေ ကိုယ်ကျိုးစီးပွားအတွက် မူးယစ် ဆီးဝါးထုတ် လုပ်ခြင်း နန့် ဆိုင်ဘာမှုခင်းလုပ်ငန်းတိ ကြီးကြီးမားမား လုပ်ဆောင်ခကတ်စွာကြောင့် ကိုးကန့်ဒေသမာ ဆိုင်ဘာမှုခင်း ရောက်ဟိနီစွာ ၆နှစ်၊ ၇နှစ်တာ ကြာလားခရလို့ သိရပါရေ။
အဆိုပါဆိုင်ဘာမှုခင်းကြောင့် တရုတ်လူမျိုးမြောက်များစွာလိမ်လည်ခံရခြင်း ၊ ကုမ္ပဏီမြောက်များစွာပြုတ်ထွက်လားခြင်း ၊ မိသားစုဝင်အမြောက်အများ ပြိုကွဲလားခြင်းနန့် လူငယ်အမြောက်အများ စိတ်ဓာတ်ကျဆင်းခြင်းတိဖြစ်ခရေလို့ ဆိုပါရေ။
ကိုးကန့်ဒေသ၏ဆိုင်ဘာမှုခင်းလုပ်ငန်းကို ရှိတာကြာကျူခေါ် ကိုးကန့်ရုပ်သီးမိသားစုကြီး (၄)ဖွဲ့က အဓိကဦးဆောင်ပြီး အဖွဲ့တိုင်းမာ ဆိုင်ဘာမှုခင်းကုမ္ပဏီဟိကြောင်း၊ ကုမ္ပဏီတိုင်းတွင် ဆိုင်ဘာမှုခင်းတိုက်ဟိပြီး ဆိုင်ဘာမှု ခင်းအဖွဲ့ ရာနန့်ချီလို့ ဟိနီရေ လို့ ဖော်ပြထားပါရေ။
အဆိုပါလုပ်ငန်းကို ကုမ္ပဏီစနစ်နန့်လုပ်ဆောင်ထားပြီး လိမ်လည်ရေ ငွေကြေးပမာဏ ကြီးမားရေအတွက် လူမှုအသိုင်းအဝိုင်းကို ပြင်းထန်စွာဒုက္ခရောက်စီခကြောင်း၊ ကိုးကန့်ရုပ်သီးမိသားစုကြီး (၄)ဖွဲ့လက်အောက်မာ ဆိုင်ဘာရာဇဝတ်လုပ်ငန်းလုပ်တေလူ တသိန်းကျော်လောက်ဟိရေလို့ ဆိုပါရေ။
စစ်ကောင်စီက အဆိုပါ ကိုးကန့်ရုပ်သီးမိသားစုကြီး (၄)ဖွဲ့ကို ပြည်သူ့စစ်ဖွဲ့စည်းခွင့်ပီးထားစွာကြောင့် ၎င်းရို့မာ လက်နက်နန့် ဆိုင်ဘာလုပ်ငန်းကို အကာအကွယ်ပီးခြင်းနန့် အချုပ်ထောင်မာ ချုပ်နှောင်တေပိုင် ပြစ်မှုတိကို ဆက်တိုက်ကျူးလွန်ခကြောင်း၊ တရုတ်နိုင်ငံသားအမြောက်အများ ကိုးကန့်သို့ အလိမ်ခံရခြင်း၊ ပြန်ပီးဆွဲခံရခြင်း၊ လူကုန်ကူးခံရခြင်းရို့နန့်ရောက်လာပြီးကေ အတင်းအဓမ္မ အလုပ်စီခိုင်းခံရခြင်း၊ ရိုက်နှက်ခံရခြင်းနန့် သီဆုံးရေအထိ နှိပ်စက်ခံရခြင်းတိ ဟိရေလို့ ဆိုပါရေ။
ညီနောင်(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရီးစတင်ရေအချိန်မာ စစ်ကောင်စီတပ်ရေ ဆိုင်ဘာရာဇဝတ်မှုကျူးလွန်နီရေ ဂေါင်းဆောင်တိကို စစ်ရဟတ်ယာဉ်နန့် လောက်ကိုင်ဒေသက တခြားနီရာတိသို့ ပို့ဆောင်ပြောင်းရွှိခကြောင်းနန့် စစ်ကောင်စီတပ်ဖွဲ့ရေ အရှိတောင် အာသျှမာ အကြီးဆုံးဆိုင်ဘာမှုခင်းကုမ္ပဏီ(ရွှီကုက္ကို KK ကုမ္ပဏီ) ကို အကာအကွယ်ပီးနီကြောင်း ဖော်ပြထားပါရေ။