APM ၊ ဂျန်နဝါရီ ၂ /၂၀၂၃
စစ်အာဏာသျှင်စနစ်ကို တိုက်ထုတ်နိုင်ရန်အတွက် လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက်လုပ်ဆောင်လား မည်ဟု ULA/AA၊ MNTJP/MNDAA နန့် PSLF/TNLA ညီနောင်မဟာမိတ် (၃) ဖွဲ့မှ နှစ်သစ်ကူးကာလ၊ ဂျန်နဝါရီ ၁ ရက်နိတွင် ထုတ်ပြန်ကြေညာသည်။
အဆိုပါ ထုတ်ပြန်ချက်၌ “ညီနောင်မဟာမိတ်(၃)ဖွဲ့အနီဖြင့် နွီဦးတော်လှန်ရီးမှပေါက်ဖွားလာသော တော်လှန်ရီး အဖွဲ့အစည်းများထဲမှ ပြည်သူ့ထောက်ခံမှုကိုရဟိထားပြီး တော်လှန်ရီးဆန်သော အဖွဲအစည်းတချို့နန့် လက်တွဲ ကာ မိမိရို့အားလုံးနန့်မြန်မာပြည်သူတရပ်လုံး မျှော်မှန်းထားသော ဘုံရည်မှန်းချက်များပြည့်ဝစီရန်၊ လက်ဟိ အခြေအနေကို အကောင်းဆုံးကျော်လွှားနိုင်ရန်နန့်စစ်အာဏာသျှင်စနစ်ကိုတိုက်ထုတ်နိုင်ရန်အတွက် လုပ်သင့်လုပ် ထိုက်သည်များကို ဆက်လက်လုပ်ဆောင်လားမည်ဖြစ်ကြောင်း ဘဝတူမြန်မာပြည်သူ၊ပြည်သားများအား အားပီး နှစ်သိမ့်ကာ ၂၀၂၃ ခုနှစ်၊ နှစ်သစ်ကူးအခါသမယ၌ ပြည်သူတရပ်လုံးမျှော်လင့်တောင့်တသော နိုင်ငံရီးမျှော်မှန်း ချက်များ ပြည့်ဝနိုင်ကတ်ပါစီဟု နှစ်သစ်ကူးဆုမွန်ကောင်း တောင်းလိုက်ပါသည်” ဟု ဖော်ပြထားသည်။
ပြီးလျှင် ညီနောင်မဟာမိတ်(၃)ဖွဲ့က “ စည်းလုံးညီညွတ်မှုအား၊ စုစည်းညီညွတ်စွာဖြင့် ဟန်ချက်ညီညီ လုပ် ဆောင်နိုင်မှရာ စစ်အာဏာသျှင်စနစ်ကို အမြစ်ဖြုတ်နိုင်မည်ဖြစ်သောကြောင့် အယင်ထက် အင်တိုက်အားတိုက် ကြိုးပမ်းလုပ်ဆောင်လားကတ်ရန်”လေ့ တိုက်တွန်းဖော်ပြထားသည်။
ယင်းအပြင်“နှစ်သစ်ကာလအခါသမယ၌ မြန်မာပြည်သူလူထုတရပ်လုံးသည် နှစ်သစ်ကိုဝမ်းမြောက်စွာကြိုဆိုကတ် မည့်အစား စစ်ကောင်စီ၏ အာဏာသိမ်းသောလုပ်ရပ်နန့်အတူ တနိုင်ငံလုံးအတိုင်းအတာအားဖြင့် ဆက်လက် ကျူး လွန်နီသော ၎င်းရို့၏လုပ်ရပ်များကြောင့် မြန်မာပြည်သူပြည်သားအများစုမှာ မိမိရို့၏ နီရပ်၊ အိုးအိမ်များနန့် မြို့ ရွာများကိုစွန့်ကာ အသက်ဖီးလွတ်ရာသို့ ယှောင်တိမ်းနီကတ်ရပြီး၊ စစ်ဖီးယှောင်များဘဝသို့ ကျရောက်ခရကြောင်း၊ စစ်ကောင်စီ၏ စစ်ရာဇဝတ်ကျူးလွန်နီမှုများကို စိုးရိမ်ကြောင့်ကြ၊ ပူဆွေးသောကများစွာဖြင့် ရင်ဆိုင်ဖြတ်ကျော်နီ ရဆဲဖြစ်ကြောင်း လေ့ ညီနောင်မဟာမိတ်(၃)ဖွဲ့က ဆိုသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ နိုင်ငံ၏အာဏာကို အတင်းအဓမ္မသိမ်းယူခသော စစ်ကောင်စီ၏ စစ်အာဏာ သိမ်းသက်တမ်းမှာ ၂ နှစ် နီးပါးဟိလာပြီး၊ တပြိုင်နက်တည်းတွင် စစ်ကောင်စီ၏ အာဏာသိမ်းမှုကိုဆန့်ကျင်သော မြန်မာနိုင်ငံသူ၊ နိုင်ငံသားများသည် အာဏာသိမ်းပြီးသည့်နောက် မရှေးမနှောင်းမှစ၍ “နွီဦးတော်လှန်ရီး” ကို ရရာ လက်နက်၊ ရသည့်နည်းလမ်းများဖြင့် ဆင်နွှဲနီခကတ်ရာ အဂုဆိုလျှင် နွီဦးတော်လှန်ရီးသက်တမ်းမှာ ၂ နှစ် နီးပါးသို့ ရောက်ဟိလာခပြီးဖြစ်ကြောင်းလေ့ ထုတ်ပြန်ချက်၌ဖော်ပြသည်။
ယင်းနောက် “စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော လက်ဟိပြည်တွင်းရီး၊ နိုင်ငံရီး၊ စစ်ရီးမတည် မငြိမ်မှုများ ကြောင့် စစ်ဖီးဒဏ်သင့် မြန်မာပြည်သူလူထုတရပ်လုံး၏ ခံစားနီရသော ခံစားချက်များကို မိမိရို့ ညီနောင်မဟာမိတ် (၃)ဖွဲ့အနီဖြင့် ထပ်တူထပ်မျှစာနာနားလည်လျက် အပြည့်အဝကိုယ်ချင်းစာပါကြောင်း၊တပြိုင်နက်တည်းတွင် လက်
ဟိရင်ဆိုင်နီရသော ပြည်တွင်းစစ်မီးကို ဖြေယှင်းနိုင်ရန်အတွက် နိုင်ငံအတွင်းနီထိုင်ကတ်သော မြန်မာပြည်သူ ပြည် သားများနန့် စစ်အာဏာသျှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နီကတ်သော တော်လှန်ရီးအဖွဲ့အစည်းများ အားလုံးအနီ ဖြင့် စုစည်းညီညွတ်စွာ အလုပ်လုပ်ကြရန် အထူးအရေးတကြီးလိုအပ်လျက်ဟိနီကြောင်း”ညီနောင်မဟာမိတ် (၃)ဖွဲ့ ၏ထုတ်ပြန်ချက်၌ ဖော်ပြပါဟိပါသည်။