APM၊ ဒီဇမ်ဘာ ၁/၂၀၂၂
ရက္ခိုင်ပြည်၌ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီအပစ်ရပ်တန့်လိုက်သည့်နောက် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)တပ်ဖွဲ့ဝင်များက ဒေသခံရက္ခိုင်ပြည်သူလူထုများ၏စပါးခင်းများအား ဝိုင်းဝန်း ကူညီရိတ်သိမ်းပီးလျက်ဟိကြောင်း ရက္ခိုင့်တပ်တော်AA မှ ဒေနိ(ဒီဇမ်ဘာ ၁ ရက်နိ)တွင် ရုပ်သံမှတ်တမ်းနန့်တကွ ထုတ်ပြန်လာသည်။
ရက္ခိုင့်တပ်တော်၏ထုတ်ပြန်ချက်တွင် “၂၀၂၂ ခုနှစ်၊နိုဗမ်ဘာလ(၂၆) ရက်နိမှစ၍ မြန်မာ့တပ်မတော်နန့် ရက္ခိုင့်တပ် တော်ရို့သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီအပစ်ရပ်တန့်ခြင်း (Humanitarian Pause)ကို နိပွန် ဖောင်ဒေးသျှင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရီးဆိုင်ရာ ဂျပန်နိုင်ငံအစိုးရ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ ကြားဝင်ဆောင်ရွက်မှုဖြင့် နှစ်ဖက်တိုက်ပွဲများအား ခေတ္တယာယီ ရပ်တန့်ခရပါသည်” ဟု ဖော်ပြထားသည်။
ထို့နောက်“ယင်းနိမှစ၍နှစ်ဖက်သဘောတူခကတ်သည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များအထဲမှ တခုဖြစ်သော ဒေဂုရက်ပိုင်းအတွင်း အချိန်မီစပါးရိတ်သိမ်းရန် အရေးတကြီး ချက်ချင်းလိုအပ်နီသည့် စပါးကွင်းများ မှရင့်မှည့်စပါးများအား ရက္ခိုင့်တပ်တော်စစ်သည်တော်များမှ ဒေသခံပြည်သူလူထုများနန့်ပူးပေါင်း၍လည်းကောင်း၊ စပါးခင်းပိုင်သျှင်များမှာ စစ်ဖီးယှောင်များဖြစ်နီ၍ ပိုင်သျှင်များကိုယ်တိုင် လာရောက်ရန် မလွယ်ကူသော စပါးခင်း များအား ရက္ခိုင့်တပ်တော် စစ်သည်တော်များနန့်ULA အဖွဲ့ဝင်များမှ စပါးခင်းပိုင်သျှင်များကိုယ်စားလည်းကောင်း စပါးရိတ်သိမ်းခြင်းများကို ရက္ခိုင်ပြည်အတွင်းမြို့နယ်တချို့မှကျေးရွာတချို့၌ဆက်တိုက်လုပ်ဆောင်ပီးခကြောင်း” AA က ဆိုသည်။
ရက္ခိုင်ပြည်သူလူထုအတွက် ULA/AA တပ်ဖွဲ့ဝင်များ စပါးကူရိတ်သိမ်းခသည့် မြို့နယ်တချို့မှ ကျေးရွာတချို့မှာ-
(၁) ဘူးသီးတောင်မြို့နယ်မှ ပြင်ရှည်ကျေးရွာဟိ စပါးခင်းများ။
(၂) ရသေ့တောင်မြို့နယ်မှ မောင်ဖြူရွာ အနောက်ဖက်ဟိ စပါးခင်းများ၊ မညင်းတောင်ရွာဟိ စပါးခင်းများ၊ ကုန်တန်းရွာဟိ စပါးခင်းများ၊ ခရုချောင်းရွာဟိ စပါးခင်းများ၊ ရီကောင်းချောင်းရွာဟိ စပါးခင်းများ။
(၃) ပုဏ္ဏားကျွန်းမြို့နယ်မှ ယာချောင်းရွာ အရှိတောင်ဖက်ဟိ စပါးခင်းများ၊ ဆင်အင်းကြီးရွာတောင်ဖက်ဟိ စပါးခင်းများ၊ ငှက်ကြီးကျွန်းရွာအနောက်ဖက်ဟိ စပါးခင်းများ၊ ပဒေသာရွာဟောင်း အနောက်ဖက်ဟိ စပါးခင်းများ၊ ရီပေါက်ချောင်းရွာ အနောက်တောင်ဖက်ဟိ စပါးခင်းများ။
(၄) ကျောက်တော်မြို့နယ်မှ သလူချောင်းရွာအနောက်ဖက်ဟိ စပါးခင်းများ၊ ရုပ်သားရွာ အနီးတဝိုက် စပါးခင်းများ၊ နဂရာရွာအနီးတဝိုက် စပါးခင်းများ။
(၅) မြောက်ဦးမြို့နယ် မှ ဂူတလုံးကျ (မြို) ရွာဟိ စပါးခင်းများ။
(၆) မင်းပြားမြို့နယ် မှ ရာမောင်တန်းထား အနီးတဝိုက် စပါးခင်းများ ပါဝင်ကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆက်လက်၍ “ရိတ်သိမ်းရန် ကျန်ဟိနီသော စပါးခင်းများကိုလေ့ ရက္ခိုင်ပြည်သူ့ အာဏာပိုင်အဖွဲ့မှ ပြည်သူများနန့် အတူ ဆက်လက် ကူညီလုပ်ဆောင်လားမည်” ဟုလေ့ AA က ဆိုထားသည်။
ယင်းနောက် ULA/AA အနီနန့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲခြင်းအား အာရက္ခဒေသ အတွင်းနီ ပြည်သူလူထုများ၏လတ်တလောစားဝတ်နီရီး၊ လားလာရီး၊ ဆီးဝါး အကျပ်အတည်း၊ အခက်အခဲများနန့် ပြည်သူထူထု၏အကျိုးစီးပွားကို မဏ္ဍိုင်ပြု၍ ဒေဂုပိုင် ယာယီအပစ်ရပ်တန့်ရခြင်းဖြစ်ကြောင်းနန့် ရက္ခိုင်ပြည်သူ့ အစိုးရအနီနန့် ယာယီအပစ်အခတ်ရပ်တန့်ထားသောကာလ၌ ပြည်သူလူထု၏ ဝန်ဆောင်မှု များကို ယခင်ကာလ များနည်းတူ အကောင်းဆုံးသောနည်းလမ်းများဖြင့် ပြည်သူ့အကျိုးအား ဆက်လက်သယ်ပိုး ဆောင်ရွက်လားမည် ဖြစ်ကြောင်းလေ့ ရက္ခိုင့်တပ်တော် AA ၏ ဒေနိထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
Movie File: AA Info Desk