
APM၊ အောက်တိုဘာ ၁၉/၂၀၂၂
အမည်မသိလူတစုက ဖမ်းဆီးခေါ်ဆောင်လားသည့် ကျောက်ဖြူမှအပြစ်မဲ့အရပ်သားပြည်သူတယောက် ၂ရက်ကြာလာသည့်တိုင် မိသားစုများ လုံးဝအဆက် အသွယ်မရဘဲ ပျောက်ဆုံးနီသည့်အတွက် စိုးရိမ်နီရကြောင်း သိရသည်။
အဖမ်းခံရပြီး ပျောက်ဆုံးနီသူမှာ ကျောက်ဖြူမြို့၊ အစိုးရ ရပ်ကွက်မှ ဦးစံထွန်း (၃၁နှစ်) ဖြစ်ပြီး သူ့ကို ကုန်ခသည့် အောက်တိုဘာ ၁၇ ရက်နိ ညဇာ ၆ နာရီခန့်၌ သူအလုပ်လုပ်နီသည့် ဝပ်ချော့ဆိုင်မှ ပြန်လာချိန်တွင် နာမည်မသိလူ ၅ယောက်ခန့်က ဖမ်းယူလား ခြင်းဖြစ်သည်။
လက်ဟိတွင် ဦးစံထွန်းကိုဖမ်းယူလားသည်မှာ၂ရက် ကြာလာကေလေ့ မိသားစုဝင်များအနီဖြင့် အဆက် အသွယ်တစုံတရာ မရသိမ့်အပြင် သတင်းအစအနလုံးဝမရ ဖြစ်နီသည့်အတွက် စိုးရိမ်နီကတ်ကြောင်း မိသားစုနန့် နီးစပ်သူများက ပြောသည်။
မျက်မြင်ဒေသခံများကတော့ ဦးစံထွန်းအား ဖမ်းယူလားသူများမှာ လတ်တလော၌ ကျောက်ဖြူမြို့နယ်အတွင်း အပြစ်မဲ့ပြည်သူများ ကို အကြောင်းအမျိုးမျိုးပြကာ မတရားဖမ်းဆီး အရေးယူမှုများ ဆက် တိုက်ပြုလုပ်နီသည့်ကျောက်ဖြူအခြီစိုက်စစ်ကောင် စီတပ် ခလရ(၃၄)တပ်ရင်းမှ အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့၀င်များဖြစ်ကြောင်း အခိုင်အမာပြောဆိုကတ် သည်။
အဆိုပါ စစ်ကောင်စီတပ် ခလရ(၃၄)တပ်ရင်းသည် စပ်တမ်ဘာ ၇ ရက်နိမှ အောက်တိုဘာ ၁၇ ရက်နိအထိကာလအတွင်း ကျောက်ဖြူ မှ အပြစ်မဲ့အရပ် သားပြည်သူ ၂၃ယောက်ထက်မနည်းကို အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးထိန်းသိမ်းခပြီး၊ ၎င်းရို့အထဲမှတချို့ကို ပုဒ်မ၅၀၅(က)၊ပုဒ်မ ၁၇/၁ရို့နန့် မတရား သဖြင့် အမှုဖွင့် တရားစွဲဆိုလျက်ဟိကြောင်း သိဟိရသည်။
