APM၊ အောက်တိုဘာ ၁၉/၂၀၂၂
ကျောက်တော်တွင် ဒေနိ(အောက်တိုဘာ ၁၉ ရက်နိ) ၌လေ့ စစ်ကောင်စီတပ်မှပစ်ခတ်လိုက်သည့် လက် နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ အပြစ်မဲ့အရပ် သားပြည်သူ ၂ ယောက် ဒဏ်ရာရလားကြောင်း သိရသည်။
ဒဏ်ရာရလားသူ ၂ ယောက်မှာ ကျောက်တော်မြို့ နယ်၊ ဝက်မှိုင်းရွာမှ ကိုမောင်ကျော်သန်း(၂၄နှစ်)နန့် ဦးကျော်မောင်(၃၄နှစ်) ရို့ဖြစ်ကတ်ပြီး၊ သူရို့နှစ်ယောက်သည် ဒေနိ နိခင်း ၂ နာရီခွဲခန့်က ကျောက်တော်မြို့နယ် ပိန္နဲချောင်းရွာဟိ လခြမ်းမြီဆန်စက်ထဲတွင် ဟိနီစဉ် ကျောက်တော်တောင်ထက်၌တပ်စွဲထားသော စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခခြင်းဖြစ်သည်။
ယင်းလက်နက်ကြီးကျည်သည် လခြမ်းမြီဆန်စက်ဝန်းထဲတွင် ကျရောက်ပေါက်ကွဲခပြီးကိုမောင်ကျော် သန်း၏ ညာဖက်ပေါင်၊ ဦးကျော်မောင်၏ လက်နှစ်ဖက်လုံးနန့် ဝမ်းရို့တွင် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရဟိလားကြောင်း သိရသည်။
ကုန်ခသည့် အောက်တိုဘာ ၁၇ ရက်နိကလေ့ စစ်ကောင်စီတပ်မှပစ်ခတ်လိုက်သည့် လက် နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ကျောက်တော်မြို့နယ်၊ အထက်ပိုက်သည်ကန်ပေါက်ရွာမှ မူဆလင်အမျိုး သမီးတယောက်သီဆုံးလားခရသိမ့်သည်။
စစ်ကောင်စီတပ်သည် ကျောက်တော်အပါအဝင် ရက္ခိုင်ပြည်မြို့နယ်အသီးသီး၌ အပြစ်မဲ့ပြည်သူများနီထိုင်ရာ ရပ်ရွာများသို ရည်ရွယ် ချက်ဟိဟိပစ်ခတ်တိုက်ခိုက်နီသည့်အပြင် နီအိမ်များအားမီးတိုက်ဖျက် ဆီးခြင်း၊ဒေသခံပြည်သူများအားမတရားဖမ်းဆီးနှိပ် စက်သတ်ဖြတ်ခြင်း၊ လူသားဒိုင်းကာ အဖြစ်အသုံးပြုခြင်းများကို တစိုက်မတ်မတ် ပြုလုပ်လျက် ဟိကြောင်း သိဟိရသည်။