APM၊ အောက်တိုဘာ ၁၉/၂၀၂၂
အမ်းတွင် အောက်တိုဘာ ၁၈ ရက်နိ၌ အမျိုးသမီးနှစ်ယောက်နန့် ရာအိမ်မှူး တယောက်အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၄ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းယူလားကြောင်း သိရသည်။
အဖမ်းခံရသူများမှာ အမ်းမြို့နယ်၊ လုံးအုပ်စု၊ ထန်းချောင်းရွာမှ ဒေါ်မသန်းဝင်း (၄၂ နှစ်)၊ ဒေါ်ဖြူစေ့ကေ (၅၃ နှစ်)၊ ပြိုင်းချောင်းရွာမှ ရာအိမ်မှူး ဦးမောင်ပေ (၄၁ နှစ်)နန့် ထန်းပင်ကျေးရွာအုပ်စု၊ အောက်ရန်ကုန်ရွာမှ ဦးယောင်း (၄၉ နှစ်)ရို့ဖြစ်ကတ်ပါသည်။
သူရို့ကို အောက်တိုဘာ ၁၈ ရက်နိ ညဇာ ၃ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၂ ယောက်ခန့်က သူရို့၏နီအိမ် အသီးသီးသို့ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်လားခသည်။
ကုန်ခသည့် အောက်တိုဘာ ၁၆ ရက်နိကလေ့ အမ်းမြို့နယ်၊ ဟင်းရွက်ရွာမှ ဒေါ်ညိုညို ကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ခန့်က နီအိမ်အတွင်းထိ ဝင်ရောက်ဖမ်းဆီးကာ အမ်းမြို့ထက်သို့ ခေါ်ယူလားခသိမ့်သည်။
အလားတူ အောက်တိုဘာ ၇ ရက်နိကလေ့ အမ်းမြို့ နယ်၊ တလိုင်းတောင်ရွာမှ ဦးအောင်ဆန်းနန့် ဘက်ဖိုးဆရာ ကိုထွန်းထွန်းရို့ ၂ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတရား ဖမ်းဆီးခေါ်ဆောင်လားခပြီး၊နောက်ပိုင်းမှာ ကိုထွန်းထွန်းကို ပြန်လွှတ်ပီးလိုက် ကေလေ့ ဦးအောင်ဆန်းကိုတော့ ဆက်လက် ဖမ်း ဆီး၍ ရိုက်နှက်၊နှိပ်စက်ကာ လူမဆန်စွာ စစ်ဆီးနီကြောင်းသိရသည်။