APM၊ အောက်တိုဘာ ၁၉/၂၀၂၂
ရသေ့တောင်မြို့နယ်တွင် ဒေနိ(အောက်တိုဘာ ၁၉ ရက်နိ) မိုးထ ၁၁ နာရီခန့်၌ စစ်ကောင်စီတပ်မှ လက် နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အသက်(၁၃)နှစ်အရွယ် အမျိုးသမီးချေတယောက် ပွဲချင်းပြီးသီဆုံးလားကာ သက်ကြီးပိုင်း အမျိုးသားတယောက် ဒဏ် ရာ ရလားကြောင်း သိရသည်။
သီဆုံးလားသူမှာ ရသေ့တောင်မြို့နယ်၊ ပြိန်းတော ရွာမှ မငြိမ်းအေးစံ(၁၃နှစ်)နန့် ဒဏ်ရာရလားသူမှာ ဦးကျော်ထွန်းဝင်း(၅၈နှစ်) ဖြစ်ပြီး စစ်ကောင်စီ၏ တပ်မ(၂၂)လက်အောက်ခံ ရီစိုးချောင်းဗျူ ဟာမှ ဒေနိ မိုးထ ၁၀ နာရီခန့်မှစကာ ပြိန်းတော၊ကုန်တန်း၊ ကုလားချောင်း စသည့် ကျေးရွာများဖက်သို့ တိုက်ပွဲဖြစ်ပွားခြင်းလုံးဝမဟိဘဲ လက်နက်ကြီးများဖြင့် ပစ် ခတ်နီခြင်းဖြစ်သည်။
ယင်းသို့ စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက် နက်ကြီးကျည်သည် မငြိမ်းအေးစံ၏ နီအိမ်ခြံဝန်းအတွင်း ကျရောက် ပေါက်ကွဲခပြီး မငြိမ်းအေးစံ၌ ဘယ်ဖက်ဝမ်းပွင့်ထွက်လားကာနီရာတွင်ပင် ပွဲ ချင်း ပြီးသီဆုံးလားသည့်အပြင် ခြံဘေးချင်းကပ်အိမ်မှ ဦးကျော်ထွန်းဝင်းမှာလေ့ဘယ်ဖက်ဘေးစ၌ ဒဏ်ရာ ရဟိလားကြောင်း သိရသည်။
လက်ဟိတွင် ပြိန်းတောရွာသားများက မငြိမ်းအေးစံ၏ ရုပ်အလောင်းကို သင်္ဂြိုလ်ရန်ပြင်ဆင်လျက်ဟိကြောင်း သိရသည်။
ဒေနိ စစ်ကောင်စီတပ် တပ်မ(၂၂)လက်အောက်ခံ ရီစိုးချောင်းဗျူဟာမှ ပစ်ခတ်လိုက်သော လက်နက် ကြီး ကျည်များသည် ပြိန်းတောရွာအတွင်း(၁)လုံး၊ ရွာအပြင်ဟိ ကန်ဘောင်ထက်၌ (၁)လုံး၊ရွာပြင်လယ် ကွင်း၌ (၁)လုံး ကျရောက် ပေါက်ကွဲခသည့်အတွက် အိမ်ခြီ(၂၀၀)ကျော်ဟိသည့် ပြိန်းတောရွာသားများမှာလေ့ ကြောက်လန့်ထွက်ဗြီးနီကတ်ရကြောင်း သိဟိရပါသည်။