APM ၊ အောက်တိုဘာ ၁၉/၂၀၂၂
တောင်ကုတ်တွင် အောက်တိုဘာ ၁၈ ရက်နိ၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ အပြစ်မဲ့အရပ်သားပြည်သူ ၁ ယောက်ကို ထပ်ဖမ်းလားပြန်ကြောင်း သိရသည်။
အဖမ်းခံရသူမှာ တောင်ကုတ်မြို့နယ်၊ မိုးထိတိုက်နယ်၊ ကြိုးကြာကွင်းရွာမှ ဦးဇော်မှိုင်း (၃၃နှစ်)ဖြစ် သည်။
သူ့ကို အောက်တိုဘာ ၁၈ ရက်နိ မိုးထ ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား (၂၀)ခန့်မှ ကား တစီးဖြင့် ကြိုးကြားကွင်းရွာထဲသိုဝင်ရောက်လာပြီး ရမ္မာဝတီကျောင်းတိုက်နားဟိ ဦးဇော်မှိုင်းနီထိုင်ရာ ဈီးဆိုင်ခန်းအတွင်းသို့ ဝင်ရောက်ဖမ်းဆီးလားခြင်းဖြစ်သည်။
ကုန်ခသည့် စက်တမ်ဘာ ၆ ရက်နိမှ အောက်တိုဘာ ၁၈ ရက်နိအထိ တောင်ကုတ်မှ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသူ စုစုပေါင်း ၂၇ ယောက်ထက်မနည်း ဟိကြောင်း သိဟိရသည်။
Please follow and like us: