APM ၊ စပ်တမ်ဘာ ၁၉ / ၂၀၂၃
မြန်မာစစ်တပ်ဖမ်းဆီးလားပြီးကေ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁)(၂) နန့်တရားစွဲခံထားရရေ မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက် အုပ်ချုပ်ရီးမှူး ဦးအောင်ကျော်လှ(ခ)နီတောင်းချေ အမှု ရုံးချိန်းအကြိမ်ကြိမ်အရွှိခံနီရကြောင်း သိရပါရေ။
အမှုကို ကုန်ခရေ သြဂတ်စ် ၂၉ ရက်နိက မင်းပြားမြို့နယ်တရားရုံးမာ ရုံးထုတ်ခပြီးကေ မြို့နယ်တရားသူကြီး ဦးမြတ်မင်းဟန်က လိုပြသက်သီငါးယောက်ကို စစ်ဆီးခပနာ စပ်တမ်ဘာ ၅ ရက်နိကို ရုံးချိန်းထပ်ရွှိလိုက်ကာ၊ ယင်းနိရုံးချိန်းမာလေ့ ရုံးမထုတ်ခဘဲ ဒေနိ (စပ်တမ်ဘာ ၁၉ ရက်နိ)သို့ ရုံးချိန်း ချိန်းဆိုထားစွာဖြစ်ပါရေ။
ဒေနိ ရုံးချိန်းမှာလေ့ မင်းပြားမြို့နယ်တရားသူကြီး ဦးမြတ်မင်းဟန် ခရီးလွန်နီလို့ဆိုပျာ မစစ်ခဘဲ လာဖို့ အောက်တိုဘာ ၃ ရက်နိသို့ ရုံးချိန်းထပ်ရွှိဆိုင်းလိုက်ပါရေ။
ဦးအောင်ကျော်လှ(၅၇ နှစ်)ကို ကုန်ခရေ ၂၀၂၂ ခုနှစ်၊အောက်တိုဘာ ၈ ရက်နိ မင်းပြားအခြီစိုက် မြန်မာစစ်တပ် ခမရ (၃၈၀) တပ်ရင်းက တပ်ဖွဲ့ဝင်တိ ဖမ်းယူလားခပါရေ။
ယင်းနောက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA အတွက် အခွန်ကောက်တေလို့ စွပ်စွဲပနာ ပုဒ်မ ၁၇ (၁)(၂) နန့်တရားစွဲပြီးကေ၊ ရုံးထုတ် စစ်ဆီးနီရာ အကြောင်းအမျိုးမျိုးပြပနာ ရုံးချိန်းအကြိမ်ကြိမ် အရွှိခံနီရလို့ အမှုကြန့်ကြာနီရပါရေ။