
APM ၊ စပ်တမ်ဘာ ၁၉ / ၂၀၂၃
တရုတ်နိုင်ငံ ဒု- သမ္မတ ဟန်ကျိန့်၊ ကုလသမဂ္ဂအထွေထွေ အတွင်းရီးမှူးချုပ်ဂူတာရက်စ်နန့် အမေရိကန် နိုင်ငံခြားရီးဝန်ကြီး ဘလင်ကန်ရို့ရေ စပ်တမ်ဘာ၁၈ ရက်နိက နယူးယောက်မြို့မာ ကျင်းပခရေ ကုလသမဂ္ဂ အထွေထွေ ညီလာခံမာ သီးခြား တွိဆုံဆွေးနွေးခကတ်တေလို့ သိရပါရေ။
တွိဆုံမှုအတွင်း တရုတ်နိုင်ငံက အဆိုပြုထားရေ အသိုက်အဝန်းနန့် ပိုးလမ်းမစီမံကိန်း (BRI)၊ ကမ္ဘာလုံး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရီး အဆိုပြုချက် (GDI) ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရီး အဆိုပြုချက် (GSI) ၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက် (GCI) ရို့ရေ နိုင်ငံတကာ အသိုင်းအဝိုင်း ထောက်ခံမှုကိုရဟိထားရေလို့ တရုတ်နိုင်ငံ ဒု- သမ္မတ ဟန်ကျိန့်က ပြောကြားခပါရေ။
ယင်းကြောင့် တရုတ်နိုင်ငံအနီနန့် ကမ္ဘာ့ငြိမ်းချမ်းရီး၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရီးကို အကျိုးဆောင်ပနာ ထိန်းသိမ်းကာကွယ် လားဖို့ ဖြစ်ပြီးကေ နိုင်ငံတကာရီးရာတွင် ကုလသမဂ္ဂ၏ အဓိကကျရေ အခန်းကဏ္ဍကို ထောက်ခံလားဖို့လို့ ဆိုပါရေ။
ကုလသမဂ္ဂအထွေထွေ အတွင်းရီးမှူးချုပ်ဂူတာရက်စ်ကလည်း တရုတ်နိုင်ငံ၏ ထောက်ခံမှုကို ကျေးဇူးတင်ကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးရီးအဆိုပြုချက်တိကို တန်ဖိုးထားကြောင်းနန့် လမ်းကြောင်းအမှန်ကို ဦးဆောင်နိုင်ဖို့ မျှော်လင့်ရေလို့ ဆိုပါရေ။
ဟန်ကျိန့်က တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အမေရိကန်နိုင်ငံအတွက် အခွင့်အလမ်းဖြစ်ပြီးကေ စိန်ခေါ်မှု မဟုတ်ကြောင်း၊ နှစ်ဖက်အပြန်အလှန်အောင်မြင်မှုဟိအောင် ဆောင်ရွက်နိုင်ကြောင်း ပြောဆိုခပါရေ။
ယင်းအပြင် နှစ်နိုင်ငံအကြား အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနီထိုင်မှု၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုး စီးပွားဖော်ဆောင်မှုစရေ အခြီခံမူ ၃ ရပ်နန့် တရုတ်-အမေရိကန် ဆက်ဆံရီးကို ပိုလို့ကောင်းအောင် ဆောင်ရွက်သင့်ရေလို့ ပြောဆိုခပါရေ။
အမေရိကန် နိုင်ငံခြားရီးဝန်ကြီး ဘလင်ကန်ကတော့ အမေရိကန်နိုင်ငံအနီနန့် တရုတ်နိုင်ငံ၏အောင်မြင်မှုကို လိုလားကြောင်း၊ကမ္ဘာ့စီးပွားရီး တိုးတက်အောင် ဆက်လက်တွန်းအားစီလိုကြောင်း၊ နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းမှုတိ လုပ်သင့်ကြောင်းနန့် အမေရိကန်-တရုတ် ဆက်ဆံရီး ပိုမိုကောင်းမွန်လာဖို့မျှော်လင့်ထားရေလို့ ပြောကြားခပါရေ။
Source Top US diplomat Blinken meets China’s VP Han at U.N. amid strained ties
Photo – Reuters
