
APM၊ ဩဂတ်စ် ၁၉/ ၂၀၂၃
ပစိဖိတ်သမုဒ္ဒရာတွင် ရုသျှနန့် တရုတ် ရီတပ်များ ပူးတွဲစစ်ရီးလိကျင့်မှုများ ပြုလုပ်နီကြောင်း ရုသျှကာကွယ်ရီးဝန်ကြီး ဌာနက သြဂတ်စ် ၁၈ ရက်နိတွင် ထုတ်ပြန်ပြောကြားသည်။
စစ်ရီးလိကျင့်မှုအတွင်း နှစ်နိုင်ငံ ရီတပ်တပ်ဖွဲ့ဝင်များသည် ရန်သူ၏ ရီငုပ်သင်္ဘောကို တန်ပြန်တိုက်ခိုက်ခြင်း၊ လီကြောင်း တိုက်ခိုက်မှုကို ချေမှုန်းခြင်း၊ စစ်သင်္ဘောများ၏ ကုန်းပတ်များတွင် လီယာဉ်ပျံသန်းခြင်းနန့် ပင်လယ်ပြင် ကယ်ဆယ်ရီး စသည့် လိကျင့်မှုများကို ပြုလုပ်နီသည်ဟု ဆိုသည်။
အဆိုပါစစ်ရီးလိကျင့်မှုကို ပစိဖိတ်သမုဒ္ဒရာဟိ အရှိတရုတ်ပင်လယ်ပြင်တွင် ပြုလုပ်နီခြင်းဖြစ်ပြီး အဆိုပါဧရိယာသည် ကိုရီးယားကျွန်းဆွယ်၊ ဂျပန်၊ ထိုင်ဝမ်ကျွန်းနန့် တရုတ်ပြည်မရို့အကြားတွင် တည်ဟိသည်။
စစ်ရီးလိကျင့်ရာတွင် တရုတ်စစ်သင်္ဘော ၆ စင်းနန့် ရုသျှ စစ်သင်္ဘော ၅ စင်း၊ စုစုပေါင်း စစ်သင်္ဘော ၁၁ စင်းပါဝင်ပြီး အဆိုပါ စစ်သင်္ဘောများသည် ဂျပန်၊ အိုကီနာဝါကျွန်းနန့် မီယာကိုကျွန်းကြားမှဖြတ်ကာ အရှိတရုတ်ပင်လယ်ဖက်သို့ ပူးတွဲကင်းလှည့်မှုများ လုပ်ဆောင်နီသည်။
တချိန်တည်းတွင် တရုတ်ကာကွယ်ရီးဝန်ကြီး လီချန့်ဖူသည် ရုသျှနန့် ဘီလာရုစ်နိုင်ငံများသို့ ကုန်ခသည့် ဩဂတ်စ် ၁၄ ရက်နိမှ ဒေနိအထိ ၆ ရက်ကြာ ခရီးလားရောက်နီပြီး နိုင်ငံဂေါင်းဆောင်များနန့် စစ်ရီးအရပူးပေါင်းမှုကို မြှင့်တင်ရန် သဘောတူဆွေးနွေးမှုများ ပြုလုပ်နီသည်။
Source – Russian and Chinese warships sail close to Japanese islands on eve of Bidens trilateral summit
Photo – Xinhua
