
APM၊ သြဂတ်စ် ၁၉ /၂၀၂၃
ကျောက်တော်မြို့၊ကဝိရတနာ စစ်ဖီးယှောင်စခန်းတွင် ခြင်ထောင်နန့် စားနပ်ရိက္ခာ အကူညီများလိုအပ်လျက်ဟိကြောင်း သိရသည်။
လက်ဟိ အဆိုပါ စစ်ဖီးယှောင်စခန်းတွင် ပတ်ဝန်းကျင်မသန့်ယှင်းခြင်းကြောင့် ခြင်ပေါက်ဖွားမှုများပြားခြင်း၊ ဟိနီသည့် ခြင်ထောင်များဟောင်းနွမ်းပျက်စီးခြင်းများကြောင့် ခြင်ထောင်များအရေးတကြီးလိုအပ်နီကြောင်း စစ်ဖီးယှောင်များ ပြောသည်။
ယင်းအပြင် စစ်ဖီးယှောင်အများစုသည် မြို့ပေါ်တွင် နိစားအလုပ်လုပ်၍ စားဝတ်နီရီး ဖြေယှင်းနီကတ်ရသူများဖြစ်ပြီး မုန်တိုင်းတိုက်ပြီးချိန်မှစ၍ နီစရာအဆောင်ကိုရာ ပြုပျင်နီရသည်ဟုဆိုသည်။
ယင်းအပြင် အလုပ်အကိုင်ယှားပါးနီ၍ လက်တလော စားဝတ်နီရီးအတွက် ချီးငှားစားသောက်ကတ်ရကာ အရေးပေါ် အကူအညီများ အပူတပြင်း လိုအပ်နီသည်။
ကဝိရတနာ စစ်ဖီးယှောင်စခန်းတွင် အိမ်ထောင်စု ၂၆၈ စု လူဦးရေ ၁၀၅၀ ခိုလှုံလျက်ဟိကြောင်းသိရသည်။


