APM ၊ သြဂတ်စ် ၁၉ / ၂၀၂၃
မင်းပြားမြို့နယ်တွင် ဒေနိ (သြဂတ်စ် ၁၉ ရက်နိ) နိခင်းက မီးလောင်မှုဖြစ်၍အိမ် ၉ ဆောင်နန့် စပါးကျီ တလုံးမီးလောင်ပြာကျလားကြောင်း သိရသည်။
မီးလောင်လားသည့်အိမ်များမှာ မင်းပြားမြို့နယ်၊ ဆင်ထိုးတန်း (မူဆလင်)ရွာမှ ဒေါ်ကာလာဗာနူရ်၊ ဦးအာဒူခလီ၊ ဦးအာဒူဂျော်လီ၊ဦးကျော်လှမောင်၊ ဦးရှုကူ၊ ဦးဒီလ်မာမောက်နန့် ဦးမတာလောင်ရို့၏နီအိမ်များဖြစ်ကတ်သည်။
ဖြစ်စဉ်မှာ ဒေနိ နိခင်း ၂ နာရီလောက်က ဦးမတာလောင်၏ နီအိမ်အတွင်း မီးဖိုမှစ၍ မတော်တဆ မီးစတင်လောင်ကျွမ်းခခြင်းဖြစ်ပြီး ယင်းမှတဆင့် ဘေးအိမ်များကို မီးကူးစက်လောင်ကျွမ်းလားခသည်။
အဆိုပါ မီးလောင်မှုကြောင့် နီအိမ် ၉ ဆောင်မှာ လုံးဝ ပြာကျလားသည့်အပြင် ဦးမတာလောင်၏ စပါးကျီတလုံးလဲ မီးလောင်ပြာကျလားကြောင်းသိရသည်။
မီးလောင်မှုကိုတော့ အနားဟိ ရွာသူ၊ရွာသားများဝိုင်းဝန်းကူညီငြိမ်းသတ်မှုကြောင့် ညဇာ ၃ နာရီလောက်တွင် မီးငြိမ်းလားကြောင်းသိဟိရသည်။