APM၊ ဩဂတ်စ် ၁၉/ ၂၀၂၃
အမေရိကန်၊ ဗြိန်တိန်၊ ဒိန်းမတ်နန့် အစ္စရေးနိုင်ငံရို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ်တခုကို တွိဟိထားပြီး အဆိုပါမျိုးကွဲသစ်၏ အကျိုးဆက်ကို စောင့်ကြည့်နီကြောင်း ကမ္ဘာ့ကျန်းမာရီးအဖွဲ့ (WHO) က ဩဂတ်စ် ၁၈ ရက်နိတွင် ကြေညာသည်။
လက်ဟိအချိန်အထိ အဆိုပါ ကိုဗစ်-၁၉ မျိုးကွဲသစ် BA.2.86 ကို အမေရိကန်၊ ဗြိန်တိန်၊ ဒိန်းမတ်နန့် အစ္စရေးနိုင်ငံရို့တွင် ဖြစ်ပွားမှုစကေတွိရပြီး မျိုးကွဲသစ်သည် မျိုးဗီဇပြောင်းလဲမှု ၃၀ ကျော်ဟိနီသည်ဟု WHO ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါမျိုးကွဲသစ်နန့်ပတ်သက်၍ အကျိုးဆက်သက်ရောက်နိုင်မှုကို လောလောဆယ်တွင် မသိရသိမ့်ဘဲ ဆက်လက်လေ့လာမှုများ ပြုလုပ်နီကြောင်း WHO နန့် အမေရိကန်ကူးစက်ရောဂါထိန်းချုပ်ရီးဌာန(CDC)က ပြောကြားသည်။
WHO မှ နောက်ဆုံးထုတ်ပြန်သည့် အစီရင်ခံစာအရ ကုန်ခသည့် ဂျူလိုင် ၁၇ရက်နိမှ ဩဂတ်စ် ၁၂ရက်နိအထိ ကိုဗစ်ကူးစက်ခံရလူ ၁ ဒသမ ၄ သန်းကျော်ဟိပြီး ကိုဗစ်နန့် သီဆုံးလူ ၂,၃၀၀ ကျော် ဟိခကြောင်း သိရသည်။
ယင်းကြောင့် ဩဂတ်စ် ၁၂ ရက်နိအထိ တကမ္ဘာလုံးတွင် ကိုဗစ်ကူစက်ခံရလူ ၇၆၉ သန်းဟိနီပြီး သီဆုံးလူ ၆ ဒသမ ၉ သန်းကျော် ဟိလာသည်။
Source – WHO, CDC Tracking New COVID-19 Variant BA.2.86
Photo – AFP