APM၊ ဩဂတ်စ် ၁၉ / ၂၀၂၃
မိုးပြင်းထန်စွာရွာသွန်းမှုနန့်အတူ ရာမောင်မြစ်ရီတိုက်စားမှုကြောင့် မင်းပြားမြို့တွင် ကမ်းပါးပြိုကျမှုများဆိုး ဆိုးဝါးဝါးဖြစ်ပွားနီ၍ ကမ်းထိန်းနံရံများပြုလုပ်ပီးရန်လိုအပ်နီကြောင်းဒေသခံများကပြောသည်။
သြဂတ်စ်လ ပထမအပတ်က မိုးသည်းထန်စွာရွာသွန်းမှုနန့်အတူ မြစ်ရီကြီးမှုဖြစ်ပွားချိန်မှစ၍ လက်ဟိအချိန်ထိ မင်းပြားမြို့ ပြည်တော်လှရပ်ကွက်၊ မင်းဘာကြီးရပ်ကွက်၊ ရွှီပြည်စိုးရပ်ကွက်၊ မင်းပြားချောင်းဝ နန့် ပြည်တော်အေး စသည့် ရပ်ကွက်များတွင် ရာမောင်မြစ်ရီတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုများဖြစ်ပွားလျက်ဟိသည်။
ယင်းအပြင် အဆိုပါ မြစ်ရီတိုက်စားမှုကြောင့် မင်းပြားမြို့၏ အရှိတောင်ဖက်၊ မင်းဘာကြီးရပ်ကွက်ဟိ ဖောင်တော်နန့် ကမ်းဖက်သို့ယာယီဆောက်ထားသည့် ဆိပ်ခံတံတားမှာလေ့ပျက်စီးခရသည်ဟုဆိုသည်။
မင်းပြားမြို့တွင် မြစ်ရီတိုက်စားမှုကြောင့် လက်ဟိ နီအိမ်များပြိုကျပျက်စီးခြင်းမဟိသိမ့်ကေလေ့ အဂုတိုင်းဆိုလျင် မကြာခင်တွင် ကမ်းပါးပြိုကျမှု နန့်အတူ နီအိမ်များပျက်စီးလာနိုင်၍ ဒေသခံများမှာစိုးရိမ်နီ ရသည်ဟုသိရသည်။
ယင်းကြောင့် သက်ဆိုင်ရာတာဝန်ဟိသူများ ကမ်းထိန်းနံရံများ အယင်ဆုံးလာရောက်ပြုလုပ်ပီးရန် ဒေသခံများလိုလားနီကတ်သည်။
မင်းပြားမြို့တွင် နှစ်စဉ် မိုးရာသီရောက်တိုင်းကမ်းပါးပြိုကျမှုများဖြစ်ပွားလိဟိကြောင်းသိရသည်။