
APM၊ ဩဂတ်စ် ၁၉/ ၂၀၂၃
အီသိုယိုပီးယားနိုင်ငံမြောက်ပိုင်း၊ တီဂရေးဒေသတွင် စားနပ်ရိက္ခာအကူ အညီများ ခိုးယူခံခရပြီးနောက် လူပေါင်း ၁,၄၀၀ ထက်မနည်း အစာရီစာ ငတ်ပြတ်သီဆုံးခကြောင်း တာဝန်ဟိလူများက ပြောကြားသည်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)နန့် အမေရိကန်အကူအညီပီးရီးအေဂျင်စီ (USAID)ရို့သည် စားနပ်ရိက္ခာ အကူအညီများ ခိုးယူခံလိုက်ရပြီးနောက် ကုန်ခသည့် ၄ လလောက်မှစ၍ အကူအညီပီးရီးအစီအစဉ်များကို ဆိုင်းငံထားခခြင်းဖြစ်သည်။
ယင်းကဲ့သို့ ရပ်တန့်ထားရာ လူဦးရေ သန်း ၂၀ လောက်ကို ထိခိုက်ခပြီး လူပေါင်း ၁,၄၁၁ ယောက် စားနပ်ရိက္ခာပြတ်လပ်၍ သီဆုံးခကြောင်း တီဂရေး သဘာဝဖီးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ မဟာမင်းကြီး Gebrehiwet Gebrezgabher က ဆိုသည်။
အာဏာပိုင်များ၏ စုံစမ်းစစ်ဆီးမှုများအရ စားနပ်ရိက္ခာများကို ခိုးယူမှုတွင် လူ ၅၀၀ လောက် ပါဝင်ပတ်သက်နီပြီး လက်ဟိအချိန်ထိ လူ ၁၉၈ ယောက်ကို စားနပ်ရိက္ခာအကူအညီများခိုးယူသည့်စွပ်စွဲချက်နန့် တရားစွဲဆိုထားသည်ဟု ၎င်းက ဆိုသည်။
စားနပ်ရိက္ခာအကူအညီများကို ခိုးယူရာတွင် အစိုးရအရာဟိများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ စစ်ဖီးယှောင်စခန်းများမှ တာဝန်ဟိလူများ၊ စားနပ်ရိက္ခာအကူအညီများကို ဖြန့်ဖြူးပီးသည့် မိတ်ဖက်အဖွဲ့အစည်းများနန့် စီးပွားရီးလုပ်ငန်းသျှင်များ အဓိကပါဝင်နီကြောင်း သိရသည်။
တီဂရေးဒေသတွင် ကုန်ခသည့် ၂၀၂၂ခုနှစ်ကလေ့ လက်နက်ကိုင် ပဋိပက္ခများဖြစ်ပေါ်ခရာ စစ်ပွဲများကြောင့် လူသားချင်းစာနာမှု အကူအညီများကို ရပ်တန့်ခရသည့်အတွက် အငတ်ဖီးဆိုက်သည့် အခြေအနီများနန့် ရင်ဆိုင်ခရသိမ့်သည်။
အဆိုပါပဋိပက္ခများသည် ၂ နှစ်နီးပါးကြာမြင့်ပြီး ပဋိပက္ခနန့် အစာရီစာငတ်ပြတ်မှုများကြောင့် လူပေါင်း ၆ သိန်းလောက် သီဆုံး ခရကြောင်း သိဟိရသည်။
Source Ethiopia’s Tigray crisis: Deaths from starvation after aid halted – official
Photo – BBC
