
APM ၊ ဩဂတ်စ် ၁၉ / ၂၀၂၃
ဩဂတ်စ် ၁၉ ရက်(ဒေနိ) ကျင်းပသည့် ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလား တတိယနီရာလုပြိုင်ပွဲတွင် ပြိုင်ဖက် အိမ်သျှင် ဩစတြီးယားအသင်းကို ၂ ဂိုး ဂိုးမဟိဖြင့် အနိုင်ရကာ ဆွီဒင်အသင်း တတိယဆုရဟိလားကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ဆွီဒင်အသင်းအတွက် အနိုင်ဂိုးများကို ပထမပွဲချိန် မိနစ် ၃၀ တွင် ရီဖလိုက သွင်းယူပီးခပြီး၊ ဒုတိယမြောက်ဂိုးကို ပွဲချိန် ၆၂ မိနစ်တွင် အာဆလ်လန်နီ ကသွင်းယူကာ ၂ ဂိုးပြတ်ဖြင့် အနိုင်ရဟိခခြင်းဖြစ်သည်။
ဒေဂုနိုင်ပွဲတွင် ဆွီဒင်အသင်းသည် အိမ်သျှင် ဩစတြီးယားအသင်းကို အနိုင်ရကာ တတိယဆုကို (၂) ကြိမ်ဆက်တိုက် ဆွတ်ခူးရဟိလားခြင်းဖြစ်သည်။
ယင်းအပြင် ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလား ဗိုလ်ပွဲစဉ်ကို ဩဂတ်စ် ၂၀ ရက် နက်ဖြန် ၄ နာရီခွဲတွင် စပိန်အသင်းနန့် အင်္ဂလန်အသင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။
Source Sweden vs. Australia highlights: Blue and Yellow win 2-0, take third place
Photo The Athletic
