APM၊ ဂျူလိုင် ၁၉ /၂၀၂၃
ဒေနိ (ဂျူလိုင် ၁၉ ရက်နိ)၌ ပေါက်တောမြို့နယ်မှ မုန်တိုင်းသင့်ကျေးရွာ ၁၀၀ ကျော်ကို ရက္ခိုင်အမျိုးသားအဖွဲ့/ ရက္ခိုင့်တပ် တော် ULA/AA ဦးဆောင်သည့် Mocha ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ်ကယ်ဆယ်ရီးနန့် ပြန်လည် နီရာချထားရီးကော်မတီ Cyclone Mocha ERRCA က ဆန်အိတ် ၁၅၀၀ ကူညီထောက်ပံ့ပီးခကြောင်းသိရသည်။
ရက္ခိုင်တွင် မေ ၁၄ ရက်နိကတိုက်ခတ်ခသည့် MOCHA ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပေါက်တောမြို့နယ်မှ ရပ်ရွာများ အပြင် တခြားမုန်တိုင်းဖြတ်သန်းရာလမ်းကြောင်းတလျှောက်ဟိ မြို့/ရွာအများအပြားပျက်စီးခရသည်။
အဆိုပါ မုန်တိုင်းသင့်ဒေသအများစုတွင် မုန်တိုင်းတိုက်ပြီး နှစ်လကျော်ကြာသည်အထိ အရေးပေါ်အကူအညီတချို့ရဟိ ကေလေ့ လုံလုံလောက်လောက်မရဟိ၍ အခက်ကြုံနီကတ်ရပြီး ULA/AA က ယင်းကျေးရွာများသို့ လားရောက် ကူညီထောက်ပံ့ပီးနီ ကြောင်း သိရသည်။
ရက္ခိုင်တွင် MOCHA ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျေးရွာပေါင်း ၂၀၆၈ ရွာနန့် နီအိမ်ပေါင်း ၂၈၈၅၃၀ ပျက်စီးခရကာ အာ ရက္ခပြည်သူပေါင်း ၁၅၄၇၇၆၁ ယောက် မုန်တိုင်းဒဏ်သင့်ခရကြောင်း Cyclone Mocha ERRCA က ထုတ်ပြန်ထားသည်။