APM ၊ ဂျူလိုင် ၁၉ / ၂၀၂၃
ရက္ခိုင်ပြည်တွင် ရိုးရာအစဉ်အလာအရ လုပ်ကိုင်နီကတ်သည့် ရက္ခိုင်ရိုးရာ ရက္ကန်းလုပ်ငန်းများမှာ လုပ်သားအင်အား နန့်အရင်းအနှီးလိုအပ်ချက်များကြောင့် အခက်အခဲများစွာနန့် ရင်ဆိုင်နီကတ်ရကြောင်း သိရသည်။
ကုန်ခသည့် ၂၀၁၈ ခုနှစ်လောက်အထိ ရက္ခိုင်ပြည်က ရိုး ရာ ရက္ကန်းလုပ်ငန်းမှာ အင်တန် အဆင်ပြေနီခပြီး ယင်းနောက်ပိုင်းမှ ဒေနိအထိ ရက္ကန်းလုပ်ငန်း၌ လုပ်သားအင်အားယှားပါးမှု၊ကုန်ကြမ်းစျီးနှုန်းမြင့်တက်မှု၊လုပ်အားခနန့် စားသောက်ကုန်ဈီးနှုန်း မြင့်မားမှုအပါအဝင် အခက်အခဲအကျပ်အတည်းအမျိုးမျိုးနန့် ရင် ဆိုင်နီရသည်ဟု ရက္ကန်းလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
ဒေကြားထဲ မုန်တိုင်းကြောင့်လေ့ ရက္ကန်းစင်အဆောက်အအုံနန့် ကုန်ကြမ်းပစ္စည်းများ ပျက်စီးလားခပြီးနောက် လက်ဟိတွင် ပြန်လည်ပတ်ရန်ပင် အခက်အခဲဖြစ်နီကတ်ရသည်ဟုဆိုသည်။
တိုက်ပွဲကာလအတွင်း ကုန်စည်ပို့ဆောင်မှု ကန့်သတ်ခံရခြင်း၊ ကုန် ဈီးနှုန်းကြီးမြင့်ခြင်း၊ ဒေသတွင်းခရီးလားဧည့်သည် လာရောက် လည်ပတ်မှု နည်းပါးခြင်း ရို့ကြောင့်ရက္ခိုင်ရက္ကန်းလုပ်ငန်းကိုအချိန်အင်တန်ကြာတန့်ထားခရ ဟသည်။
လက်ဟိ ရက္ခိုင်ရက္ကန်းထည်များမှာ ဈီးကောင်းရနီကေလေ့ လုပ်သားအင်အားနန့်အရင်းအနှီးလိုအပ်ချက်များကို မဖြည့် ဆည်းနိုင်ပါက ရက္ခိုင်ရိုးရာ ရက္ကန်းလုပ်ငန်းမှာ လုံးဝ ပျောက်ကွယ်လားနိုင်သည်ဟု ရက္ကန်းလုပ်ငန်းလုပ် ကိုင်သူများက ပြောကြားကတ်ပါသည်။