APM၊ ဂျူလိုင် ၁၉ / ၂၀၂၃
သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် ဂျူလိုင် ၁၈ ရက်နိ၊ ညဇာ ၅ နာရီလောက်က မြန်မာစစ်တပ် ပစ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲကာ ဇီးဘဒန်ရွာမှ အချေ ၁ ယောက်သီဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရလား ကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ်၊ ကောင်ရာရွာအနား၌ စခန်းချထားသည့် မြန်မာစစ်တပ်၏ စစ်ကြောင်းနန့် KIA ရို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွား အပြီး နမ့်ဖက်ကာ အခြီစိုက် ခလရ(၁၂၃)မြန်မာစစ်တပ်မှ လက်နက်ကြီးနန့် ပစ်ခတ်၍ နမ့်ဖက်ကာ အနားဟိ ဇီးဘဒန် ကျေးရွာက နီအိမ်တဆောင်ကို ကျရောက်ပေါက်ကွဲရာမှ အပြစ်မဲ့ပြည်သူများ ထိခိုက်သီဆုံးခရသည်။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ၎င်းအိမ်ထဲတွင် ဟိနီသည့် အသက် ၄၇ နှစ်အရွယ် အမျိုးသမီးတယောက်၊ ၁၅နှစ်အရွယ် ယောင်္ကျားချေတယောက်၊ ၂၁နှစ်အရွယ် ကလေ့မေချေတယောက်နန့် ၉ နှစ်အရွယ် ယောက်ျားချေ တ ယောက် အပါအဝင် မိသားစုဝင် ၄ ယောက် ထိခိုက်ဒဏ်ရာရလားကာ ကွတ်ခိုင်ဆီးရုံသို့ ပို့ဆောင်ခရကြောင်း ဒေသခံများက ပြောသည်။
ယင်းအထဲမှ အသက် ၁၅နှစ်အရွယ် မောင်နော်ပါမှာ ဝမ်းဗိုက်နန့် ဦးဂေါင်းကို လက်နက်ကြီးကျည်စ ထိမှန်၍ ဆီးရုံသို့ ရောက်ပြီး ၁ နာရီအကြာ၌ သီဆုံးလားခကြောင်း သိရသည်။
နမ့်ဖက်ကာတွင် ကုန်ခသည့် ဂျူလိုင် ၁၆ ရက်နိမှစ၍ မြန်မာစစ်တပ်နန့် KIAရို့အကြား တိုက်ပွဲများ ဖြစ်ပွားနီပြီး ဂျူလိုင် ၁၇ ရက်နိကလေ့ မန်ပြိန်းရွာအနား၌ TNLAတပ်နန့် မြန်မာစစ်တပ်အကြား တိုက်ပွဲဖြစ်ပွားခကြောင်း TNLA ဖက်မှ ထုတ်ပြန်ထားပါသည်။
Photo- Kachinwaves