
APM ၊ ဂျူလိုင် ၁၉ / ၂၀၂၃
ရက္ခိုင်ပြည်အတွင်း ဆိုင်ကလုန်း ကယ်ဆယ်ရီးလုပ်ငန်းများကို မုန်တိုင်းအပြီး ၂ အကြာထိ စစ်ကောင်စီက ဆိုင်းငံ့ထားတုန်း ဖြစ်ကြောင်းကုလ သမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းပေါင်းစပ်ရီးရုံး(UNOCHA)က ဒေနိ(ဂျူလိုင် ၁၉ ရက်နိ)တွင် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ ရက္ခိုင်မှာ ပုံမှန်စီမံကိန်းများ ပြန်လည်စတင်နီကေလေ့ ဆိုင်ကလုန်းကယ်ဆယ်ရီးလုပ်ငန်း လုပ်ဆောင် ခွင့်ကို မုန်တိုင်းအပြီး ၂ လ အကြာထိ ဆိုင်ငံ့ထားဆဲ ဖြစ်ပါသည် ဟုဖော်ပြထားသည်။
ယင်းသို့ စစ်ကောင်စီ၏ ကန့်သတ်ချက်များကြောင့် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များ ဆက်လက်ဖြစ်ပေါ်နီသည့် အပြင် ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်အကူအညီပီးနိုင်ဖို့အတွက်လေ့ အဟန့်အတားများဖြစ်နီသည်ဟုဆိုသည်။
ယင်းကြောင့် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့များအနီနန့် မုန်တိုင်းဒဏ်သင့်ဒေသခံများကို တိုးချဲ့ကူညီနိုင်ဖို့အတွက် တိုက်တွန်းဆော်ဩမှုများ ဆက်လုပ်နီပြီး အယင်ကခွင့်ပြုထားခသည့် ကယ်ဆယ်ရီးပစ္စည်းဖြန့်ဝီခွင့်နန့် သယ်ယူပို့ဆောင်ရီး အစီအစဉ်များကိုလေ့ပြန်လည် အတည်ပြုနိုင်ဖို့ စစ်ကောင်စီကို ထပ်မံတင်ပြထားကြောင်း UNOCHA ၏ ဒေနိ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
