
APM၊ ဂျူလိုင် ၁၉ / ၂၀၂၃
နိုင်ဂျီးရီးယားနိုင်ငံ၏ မီတာ ၁၀၀ အဗြီးပြိုင်ပွဲ ကမ္ဘာ့စံချိန်တင်ထားသူ တိုဘီအမူဆန် ကို တားမြစ်ဆီး ချိုးဖောက် မှုဖြင့် Athletics Integrity Unit (AIU) က တရားစွဲဆိုထားကြောင်း ဒေနိ(ဂျူလိုင် ၁၉ ရက်နိ) တွင် ကြေညာသည်။
အသက် ၂၆ နှစ်အရွယ် တိုဘီအမူဆန် သည် (AIU) မှ တားမြစ်ဆီးစစ်ဆီးမှုကို (၃) ကြိမ်တိုင်တိုင် ချိုးဖောက်ခသည့်အတွက် တရားစွဲခံထားရခြင်းဖြစ်ပြီး၊ ၎င်းကိစ္စများကြောင့် သူမကို လာမည့်လအတွင်း ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်မြို့၌ ကျင်းပမည့် ကမ္ဘာဗြီးခုန်ပစ် ချန်ပီယံပြိုင်ပွဲ၌ ချန်ထားခကြောင်း သိရသည်။
အဆိုပါကိစ္စနန့် ပတ်သက်၍ အကျွန်က သန့်ယှင်းရေ ကဇတ်သမားတယောက်ပါ။ အကျွန့်အနီနန့် တားမြစ် ဆီးတိကို တခါလေ့မသုံးဖူးပါ။ ဒေကိစ္စကို ပြေလည်အောင်ဖြေယှင်းနိုင်ဖို့ ယုံကြည်ရေပိုင် လာဖို့ ကမ္ဘာ့ချန်ပယံ ပြိုင်ပွဲမှာလေ့ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ယုံကြည်ပါရေ ဟု တိုဘီအမူဆန် က ပြောကြားခသည်။
ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို လာမည့် ဩဂတ်စ် ၁၉ ရက်နိမှ ၂၇ ရက်နိအထိ ဟန်ဂေရီနိုင်ငံ ဘူဒါပက်မြို့၌ ကျင်းပမည်ဖြစ်သည်။
တိုဘီအမူဆန် သည် ၂၀၁၈ မှ ၂၀၂၂ ခုနှစ်အထိ အာဖရိက ချန်ပီယံသျှိပြိုင်ပွဲများ၌ မီတာ ၁၀၀ အတားအဆီး၊ ၄x၁၀၀ အလံကိုင်အဗြီးပြိုင်ပွဲများတွင် ရွီတံဆိပ်ဆုများကို အသီးသီးဆွတ်ခူးနိုင်ခပြီး ၂၀၂၁-၂၀၂၂ ရာသီတွင် ကမ္ဘာ့ဗြီးခုန်ပစ် ဒိုင်းမွန်းလိဂ် ချန်ပီယံဆုကိုပါ ဆက်တိုက် ဆွတ်ခူးထားကြောင်းသိရသည်။
Source – World 100m hurdles record holder Amusan announces AIU charged her with doping violation
Photo – Reuters
