APM ၊ ဂျုန် ၁၉/ ၂၀၂၃
ဂျုန် ၁၅ ရက်နိမှ ၁၈ ရက်နိအထိ ရခိုင်အရပ်ဖက်အဖွဲ့အစည်းများကွန် ရက် (Arakan CSO Network – ACN) နန့် ရက္ခိုင် အဆိုတော်များ အတူတကွ ပူးပေါင်း၍ မြေပုံမြို့နယ်၊ ကျေးရွာများတွင် မုန်တိုင်းသင့် အာရက္ခပြည်သူများအား ဆန်အပါ အဝင်စားနပ်ရိက္ခာများနန့် အမိုးအကာများကို ကူညီထောက်ပံ့ပီးခကြောင်း သတင်းရဟိသည်။
မြေပုံမြို့နယ်မှ ညောင်တော၊ ပြင်ချောင်း၊ ပြင်င/ခူချောင်း၊ဝကောက်ကြီးနန့် ကြက်ရေကြီး စသည့် ကျေးရွာများသို့ လား ရောက်ကာ အရေးပေါ်လိုအပ်လျက်ဟိသည့် ဆန်အပါအဝင် စားနပ် ရိက္ခာများ၊ အမိုးအကာများနန့် ပုဆိုး အဝတ်အထည်များကို အဓိကထားကူညီထောက်ပံပီးခသည်ဟု ဒေသခံပြည်သူများက ပြောသည်။
ယင်းအပြင်မုန်းတိုင်းသင့်ဒေသခံပြည်သူများ၏စိတ်ပိုင်းဆိုင်ရာ သက် သာပျော်ရွှင်မှု ရဟိစီရန်ရည်ရွယ်၍ ရက္ခိုင်အဆိုတော် များဖြစ်သည့်မိချော၊ ဂျေမင်း၊ ဘုန်းထက် (ခ) ဇော်ဖြိုး၊မျိုးရင်းဓူဝံကြယ်၊တီတီချေ၊ မိုင်မိုးစက် နန့် အေးမြတ်သဇင်ရို့ကလေ့ မိမိရို့၏ အနုပညာဖြင့် နှစ်သိမ့်ဖျော် ဖြေပီးခကတ်သည်။
ကုန်ခသည့် မေ ၁၄ ရက်နိက ဝင်ရောက်တိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရက္ခိုင်ပြည်တွင် လူနီအိမ် စုစုပေါင်း ၂၁၆၆၈၁ ဆောင် ပျက်စီးလားကာ မုန် တိုင်းသင့်ပြည်သူ ၇၀ ရာခိုင်နှုန်းမှာ လက်ဟိအချိန်အထိ အရေးပေါ် ကယ် ဆယ်ရီးဆောင်ရွက်ပီးရန် အထူးလိုအပ်လျက်ဟိပြီး စားဝတ်နီရီး အခက်အခဲများနန့် ဆိုးဝါးစွာရင်ဆိုင်နီကတ်ရကြောင်း သိရသည်။