
APM ၊ ဂျုန် ၁၉ / ၂၀၂၃
အာသျှမှ ၁၀ နိုင်ငံပါဝင်ယှဥ်ပြိုင်မည့် ၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ချန်ပီယံသျှိဘောလုံးပြိုင်ပွဲကို အင်ဒိုနီသျှားနိုင်ငံ ပလမ်ဘန်းမြို့တွင် ဂျုန်လိုင် ၅ ရက်ကနီ ၁၇ ရက်နိအထိ ကျင်းပပြုလုပ်လားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲအတွက် ဂျုန် ၁၈ ရက်နိက ဂျာကာတာတွင် အုပ်စုမဲခွဲခရာ မြန်မာအမျိုးသမီး ယူ-၁၉ အသင်းက အုပ်စု (C) ၌ ထိုင်း၊ ဖိလစ်ပိုင်အသင်းရို့နန့် တအုပ်စုတည်းကျနီသည်။
အိမ်သျှင် အင်ဒိုနီးသျှားအသင်းကကမ္ဘောဒီးယား၊ လာအို၊ အရှိတီမောအသင်းရို့နန့် အုပ်စု (A) တွင် ကျရောက်ထားနီပြီး ဗီယက်နမ်၊ မလေးသျှား၊ စင်ကာပူအသင်းရို့က အုပ် (B) ၌ယှဥ်ပြိုင်ကဇတ်ရမည်ဖြစ်သည်။
ယင်းအုပ်စုသုံးခုမှ အုပ်စုပထမရသည့် ၃ သင်းနန့် အကောင်းဆုံးအုပ်စု ဒုတိယရဟိသည့် ၁ သင်းသည် ဆီးမီးဖိုင်နယ်သို့ တက်ရောက်မည် ဖြစ်ကြောင်းသိရသည်။
Source- The ASEAN Women’s U-19 Football Tournament will be held in Indonesia/fas.org.sg
Photo- ASEAN FOOTBALL
