
APM၊ ဂျုန် ၁၉ /၂၀၂၃
မုန်တိုင်းဒဏ်ခံခရသည့် မြောက်ဦးမြို့နယ်မှ ကျေးရွာတချို့၌ ပျက်စီးလားရသည့် နီအိမ်များကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ULA/AA က ကူညီပြုပျင်ဆောက်လုပ်လျက်ဟိကြောင်းသိရသည်။
ရက္ခိုင်တွင် မေ ၁၄ ရက်နိကတိုက်ခတ်ခသည့် MOCHA ဆိုင်ကလုန်း မုန်တိုင်းကြောင့် မြောက်ဦးမြို့နယ်မှ ရပ်ရွာများအပြင် တခြားမုန်တိုင်းဖြတ်သန်းရာလမ်းကြောင်းတလျှောက်ဟိ မြို့/ရွာအများအပြားပျက်စီးခရသည်။
အဆိုပါ မုန်တိုင်းသင့်ဒေသအများစုဟိ ဒေသခံတချို့မှာ မုန်တိုင်းတိုက်ပြီး တလကျော်ကြာသည်အထိ နီအိမ်များပြုပျင်နိုင် ခြင်းမဟိသိမ့်ဘဲ အခက်ကြုံနီကတ်ရပြီး ULA/AA က ယင်းကျေးရွာများသို့ လားရောက်လျက် နီအိမ်များကို ပြန်ပြုပျင် ဆောက်လုပ်ပီးနီသည့်အပြင် အမိုးအကာနန့် စားနပ်ရိက္ခာများလေ့ ကူညီထောက်ပံ့ပီးလျက်ဟိသည်။
ရက္ခိုင်တွင် MOCHA ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျေးရွာပေါင်း ၂၀၆၈ ရွာနန့် နီအိမ်ပေါင်း ၂၈၈၅၃၀ ပျက်စီးခရကာ အာ ရက္ခပြည်သူပေါင်း ၁၅၄၇၇၆၁ ယောက် မုန်တိုင်းဒဏ်သင့်ခရကြောင်း Mocha ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခ အ ရေးပေါ် ကယ်ဆယ်ရီးနန့် ပြန်လည် နီရာချထားရီးကော်မတီ(Cyclone Mocha ERRCA)က ထုတ်ပြန်ထားသည်။
Photo – Cyclone Mocha ERRCA




