
APM၊ ဂျုန် ၁၉ /၂၀၂၃
မုန်တိုင်းကြောင့် လျှပ်စစ်မီးပြတ်တောက်မှုများနန့်ကြုံတွိနီရသည့် ရက္ခိုင်ပြည် မြို့နယ်များတွင် လက်ဟိ မီးသွီး ဈီးနှုန်းမှာ ပုံမှန်ထက် ထက်ဝက်နီးပါးအထိ မြင့်တက်နီကြောင်းဒေသခံများမှပြောသည်။
မေ ၁၄ ရက်နိက တိုက်ခတ်ခသည့် Mochar ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရက္ခိုင်ပြည်နီရာအများအပြားတွင် လျှပ်စစ်မီး ပြတ်တောက်ခရသည်။
လက်ဟိအချိန်ထိလေ့လျှပ်စစ်မီးပြတ်တောက်နီတုန်းဖြစ်၍ဒေသခံပြည် သူများ ထမင်း၊ဟင်း ချက်ပြုတ်ရာ၌ မီးသွီးကိုရာ အဓိကအားထားနီကတ်ရသည်။
မုန်တိုင်းမတိုက်ခင်က မီးသွီးတအိပ်ကို ၆၀၀၀ ကျော်ရာဟိခသည့် မြောက်ဦးတွင်လက်ဟိ ၁၄၀၀၀ ပီးဝယ်နီရပိုင် တခြား စစ် တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တော၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောနန့် ကျောက်တော်မြို့နယ်များတွင်လေ့ မီးသွီးဈီးနှုန်းများ တစစ မြင့်တက်လာနီကြောင်း ဒေသခံများကဆိုသည်။
ရက္ခိုင်တွင် မုန်တိုင်းတိုက်ပြီးနောက်ပိုင်းမှစ၍ မီးသွီးဈီးနှုန်းအပြင် စားသောက် ကုန်ပစ္စည်းများနန့် တခြားကုန်ပစ္စည်းများမှာ လေ့ ဈီးနှုန်းမြင့်တက်နီ၍ လီဖီးသင့်ဒေသခံများအပါအဝင် ပြည်သူများအခက်ကြုံကတ်ရကြောင်း သိဟိရသည်။
