
APM ၊ ဂျုန် ၁၉/၂၀၂၃
မုန်တိုင်းကြောင့် စခန်းတခုလုံးပျက်စီးဆုံးယှုံးခရသည် ကျောက်တော်မြို့၊ကဝိရတနာစစ်ဖီးယှောင်စခန်းတွင် အဆောက်အ အုံများ ပြန်လည်တည်ဆောင်ရန် သစ်၊ဝါး ၊ မိုးကာအပါအဝင် တခြား ဆောက်လုပ်ရီးပစ္စည်းများ အရေးပေါ် လိုအပ်နီ ကြောင်း သိရသည်။
ယင်း ကဝိရတနာစစ်ဖီးယှောင်စခန်းတွင် အိမ်ထောင်စု ၄၄ ၆စု လူဦးရေ ၁၆၅၁ ယောက်ခိုလှုံလျက်ဟိပြီး မေ ၁၄ ရက်နိက Mocha ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခပြီးနောက် ယင်းစခန်းဟိ ယာယီလူနီအိမ်များ အားလုံးပျက်စီးခရသည်။
လက်ဟိ မုန်တိုင်းတိုက်ခတ်ပြီးတလကျော်ကြာသည့်အချိန်ထိ ယင်းစခန်းဟိနီအိမ်များကို ပြန်မပျင်နိုင်သိမ့်ဘဲ အိမ်အပြိုအ ပျက်များထဲမှ သုံးလို့ရသည်များကို ပြန်သုံးလျက် ယာယီတဲထိုးနီထိုင်နီကတ်ရကြောင်း စစ်ဖီးယှောင်များကပြောသည်။
စခန်းကို ကိုယ်ထူကိုယ်ထပြန်တည်ဆောက်ရန်လေ့ စစ်ဖီးယှောင်အများစုမှာ ဆင်းရဲနွမ်းပါးသူများဖြစ်၍ ငွေကြေးအပြင် အမိုးအကာ၊ သစ်၊ဝါးနန့် တခြားဆောက်လုပ်ရီးပစ္စည်းများပါ အကူအညီလိုအပ်နီသည်ဟုဆိုသည်။
ယင်းအပြင် လက်ဟိအချိန်ထိ အရေးပေါ်အကူညီလာရောက် ပီးအပ်သည်များမဟိသိမ့်၍ စားနပ်ရိက္ခာများ ပြတ်လပ်ကာ စားသောက်ရီးအခက်အခဲများလေ့ ဆိုးဆိုးဝါးဝါးကြုံနီကတ်ရကြောင်း သိရသည်။
ကဝိရတနာစစ်ဖီးယှောင်စခန်းအပါအဝင် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ယာယီနီအိမ်အများအပြားပျက်စီးခရသည့် ရက္ခိုင်ပြည်မြို့နယ်အသီးသီးဟိ မုန်တိုင်းသင့် စစ်ဖီးယှောင်များမှာ လက်ဟိ ကူညီကယ်ဆယ်ရီး အထောက်ပံ့ရဟိမှု နည်းပါး နီကာ ပြန်လည်ထူထောင်ရီး အခက်ကြုံနီကတ်ရကြောင်းသိရသည်။
