
APM ၊ ဂျုန် ၁၉ / ၂၀၂၃
ဘရားဇီးနိုင်ငံတောင်ပိုင်း၊ ရီယိုဂရန်းဒေး ဒိုဆိုလ် ပြည်နယ်တွင် ပြီးခသည့် ဂျုန် ၁၆ရက်နိက အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၁၃ ယောက်ထက်မနည်း သီဆုံးခပြီး ဒေသခံအများအပြား နီရပ်စွန့်ခွာခရကြောင်း အာဏာပိုင်များက ဂျုန် ၁၈ ရက်နိတွင် ထုတ်ပြန် သည်။
မုန်တိုင်းတိုက်ခိုက်မှုကို အပြင်းအထန်ခံခရသည့် ကမ်းရိုးတန်းဒေသ ကာရာမြို့တွင် နောက်ထပ် ရုပ်အလောင်း နှစ်လောင်း ကို ထပ်မံယှာတွိခပြီးနောက်ပိုင်း ဂျုန် ၁၈ ရက်နိအထိ မုန်တိုင်းကြောင့် သီဆုံးသူ ၁၃ ယောက်ဟိလာကြောင်း ပြည်နယ် အရပ်ဖက်ကာကွယ်ရီး အေဂျင်စီက ဆိုသည်။
မုန်တိုင်းနန့်တတူ မိုးပြင်းလီပြင်းတိုက်ခတ်မှုကြောင့် ပေါ်တိုအယ်လီဂရီအပါအဝင် မြို့အများအပြား ထိခိုက်ပျက်စီးခပြီး ဂျုန် ၁၈ရက်နိအထိ နိုဗိုဟမ်ဘာဂို ၊ လင်ဒိုလ်ဖို ကော်လာနန့် ဆောလီယိုပိုဒို မြို့များတွင် လမ်းမများ ရီလွှမ်းနီသိမ့်ကြောင်း သိရသည်။
ကာရာမြို့တွင် မုန်တိုင်းကြောင့် နီအိမ်များပျက်စီး၍ လူ ၃၇၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခရကာ အိမ်ခြီ ၇၀၀ နီးပါးကို အန္တရာယ် များသည့် နီရာအဖြစ် သတ်မှတ်ထားကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
ပြည်နယ်မီးသတ်သမားများသည် မုန်တိုင်းမတိုက်ခင် လူပေါင်း ၂,၄၀၀ လောက်ကို အရေးပေါ် ရွိပြောင်းပီးခရကြောင်း ပြည် နယ် အုပ်ချုပ်ရီးမှူး Eduardo Leite က ပြောကြားသည်။
ဘရာဇီးနိုင်ငံသည် ဒေနှစ်အတွင်း ရာသီဥတုဖီးဒဏ်ကို ဆိုးဆိုးဝါးဝါးရင်ဆိုင်နီရပြီး ပြီးခသည့် ဖေဖော်ဝါရီလကလေ့ ဆော ပေါ်လိုပြည်နယ် ကမ်းရိုးတန်းမြို့များ၌ မြီပြိုမှုများဖြစ်ပွားခ၍ အနည်းဆုံး လူ ၆၅ ယောက် သီဆုံးခရကြောင်း သိဟိရသည်။
Source – Cyclone leaves 13 dead in Brazil/ AFP
Photo – AFP
