
(ဂျုန် ၁၂ ရက်နိမှ ၁၈ ရက်နိ အထိ)
၁။ ၁၂-၆-၂၀၂၃(တလင်းလာ)
(၁) ကရင်နီပြည် ကြားကာလအုပ်ချုပ်ရီးကောင်စီ (Interim Executive Council of Karenni State IEC)ကို အပြု သဘောဆောင်ကြိုဆိုကြောင်း ရက္ခိုင့်တပ်တော် AA ပါဝင်သော ညီနောင်မဟာမိတ် (၃) ဖွဲဖြစ်သည့် ကိုးကန့် MNDAA၊ တအာင်း TNLAနန့် ရက္ခိုင့်တပ်တော် AA ရို့က ဂျုန် ၁၂ ရက်နိရက်စွဲနန့် ဂုဏ်ပြုသဝဏ်လွှာ ထုတ်ပြန်ပီးပို့သည်။
(၂) ပုဏ္ဏားကျွန်းတွင် ဂျုန် ၁၂ ရက်နိက မှိုစားမိရာမှ အစာအဆိပ်သင့်မှုဖြစ်ပွားခ၍ ကျောင်းသား/ ကျောင်းသူ ၃ ယောက်အပါအဝင် လူ ၁၃ ယောက်သည် ဆီးရုံတက်ရောက်ကုသမှုခံယူခရသည်။
၂။ ၁၃-၆-၂၀၂၃(အင်္ဂါ)
(၁) စစ်တွေမြို့နယ် ဒါးပိုင်ရွာမူဆလင်စျီးတွင် ဂျုန် ၁၂ ရက်နိ ညည့် ၉ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားခ၍ နီအိမ်တ ဆောင်နန့် ဆိုင်ခန်း ၁၀ ခန်း ပျက်စီးဆုံးယှုံးလားသည်။
(၂) ပုဏ္ဏားကျွန်းမြို့နယ်၊ ပြိုင်းတောရွာတွင် မုန်တိုင်းကြောင့် သောက်သုံးရီကန်များ ပျက်စီးလားခရပြီးနောက် မသန့်ယှင်း သည့်ရီကို သောက်သုံးနီကတ်ရ၍ ဝမ်းပျက်ဝမ်းလျှောဖြစ်သူ များပြားလာနီသည်။
(၃) မြန်မာပြည်ဆူပူအောင်လှုံဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံထားရသည့် ကျောက်တော်မှ လူထုဇော်ဝင်း အပါအဝင် ဒေသခံ ၃ ယောက် အမှုကို ဂျုန် ၁၃ ရက်နိတွင်ကျောက်တော်မြို့နယ်တရားရုံး၌ ရုံးထုတ်ခကေလေ့ မစစ်ခဘဲ ရုံးချိန်းထပ်ရွှိလိုက်ပြန်သည်။
(၄) Mocha ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း ရက္ခိုင်ပြည်သူများ စားဝတ်နီရီးအခက်အခဲဖြစ်ကာ ပြည်ပထွက် ခွာသူများလာသည်။
၄။ ၁၄-၆-၂၀၂၃(ဗုဒ္ဓဟူး)
(၁) ရက္ခိုင့်တပ်တော် AA ဆက်စပ်သည်ဟုဆိုကာ ထောင်ဒဏ်သုံးနှစ်ချမှတ်ခံရသည့် ရသေ့တောင်မြို့ နယ်၊ ခမောင်းတုန်း ရွာမှ ဦးမောင်ဘု (၃၉နှစ်)သည် ဂျုန် ၁၃ ရက်နိက လွတ်ရက်စိ၍ ပြန်လွတ်လာသည်။
(၂) မြန်မာစစ်တပ်ဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နန့် တရားစွဲခံထားရသည့် ကျောက်တော် က ၉ ယောက်အမှုကို ဂျုန် ၁၃ ရက်နိ၌ ကျောက်တော်မြိုနယ်တရားရုံးတွင် ရုံးထုတ်ခကေလေ့ လိုပြသက်သီ မရောက်၍ မစစ်ခဘဲ ရုံးချိန်း ထပ်ရွှိလိုက်သည်။
(၃) လီဖိအားနည်းဆဲလ်ကြောင့် ယာယီရန်နားထားသော ရက္ခိုင်ပြည်တွင်းရီကြောင်းလိုင်းတခုဖြစ်သည့် ရွှီပြည်တန် အမြန်ရီ ယာဉ်၏ ရီကြောင်းခရီးစဉ်တချို့ကို ဂျုန် ၁၃ ရက်နိမှစကာ ပြန်လည်ဗြီးဆွဲနီသည်။
(၄) မုန်တိုင်းသင့်အာရက္ခပြည်သူများ အရေးပေါ်ကယ်ဆယ်ရီးနန့် အမိုးအကာအောက် အယင်ဆုံးပြန်ရောက်ရီး အရေးပေါ် အကူအညီများ ဆက်လက်လိုအပ်နီဆဲဖြစ်ကြောင်း Mocha ဆိုင်ကလုန်းမုန်တိုင်းတိုက် ခတ်ခသည့် တလတိတိပြည့်နိမှာ MOCHA ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ်ကယ်ဆယ်ရီးနန့် ပြန်လည်နီရာ ချထား ရီးကော်မတီ Cyclone Mocha ERRCA က ထုတ်ပြန်သည်။
၅။ ၁၅-၆-၂၀၂၃ (ကြာသပတီး)
(၁) မုန်တိုင်းဒဏ်သင့် အာရက္ခပြည်သူပြည်သားများ၏ အရေးပေါ်ကူညီကယ်ဆယ်ရီးလုပ်ငန်းများအတွက် ရက္ခိုင် ပြည် တွင်း၊ ပြည်ပရို့တွင် ဖွင့်လှစ်ထားသော ကော်မတီများမှတဆင့် လူသားချင်းစာနာ ထောက်ထားသောအားဖြင့် ကမ္ဘာအရပ် ရပ်မှ အလှူသျှင်များ ထည့်ဝင်လှူဒါန်းလာကတ်သော မြန်မာငွေ ၈၇၅၄၃၉၀၀ကျပ်နန့် အမေရိကန် ဒေါ်လာ ၁၄၇၁၃၀ ကို ကောင်းမွန်စွာ လက်ခံရဟိထားကြောင်း Mocha ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခ အရေးပေါ် ကယ်ဆယ်ရီးနန့် ပြန်လည်နီရာချထားရီးကော်မတီ(Cyclone Mocha ERRCA) က ဂျုန် ၁၄ ရက်နိတွင် ထပ်မံထုတ်ပြန်သည်။
(၂) Mocha ဆိုင်ကလုန်းမုန်တိုင်းသင့်အာရက္ခပြည်သူ ၃၀ ရာခိုင်နှုန်းရာ အရေးပေါ်အကူအညီရဟိထားပြီး ကျန် ၇၀ ရာခိုင်နှုန်းအတွက် ဆက် လက်လိုအပ်နီဆဲဖြစ်ကြောင်း MOCHA ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ် ကယ်ဆယ်ရီးနန့် ပြန်လည်နီရာချ ထားရီးကော်မတီ Cyclone Mocha ERRCA က ဂျုန် ၁၄ ရက်နိတွင် ထုတ်ပြန် သည်။
(၃) မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း မောင်တောမြိုနယ်တွင် ဝါးဈီးနှုန်းများအဆမတန်မြင့်တက်နီ၍ မြို့နယ် တဝန်းဟိ မုန်တိုင်းဒဏ်သင့်ဒေသ ခံပြည်သူအများစုမှာ ပြိုပျက်လားသည့်နီအိမ်များကို ပြန်ပြုပျင်ရန် အခက်တွိနီ ကတ်ရသည်။
(၄) Mocha ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုအတွင်း အာရက္ခပြည်သူ ၁၆၄ ယောက်သီဆုံးခရပြီး ၁၅၄၇၇၆၁ ယောက် ထိခိုက်ခံစားခရကြောင်း MOCHA ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ် ကယ် ဆယ်ရီးနန့် ပြန်လည်နီရာချ ထားရီးကော်မတီ Cyclone Mocha ERRCA က ဂျုန် ၁၄ ရက်နိတွင် ထုတ်ပြန်သည်။
၆။ ၁၆-၆-၂၀၂၃(သောကြာ)
(၁) မုန်တိုင်းကြောင့် ပျက်စီးဆုံးယှုးခရသည့် ကျောက်တော်မြို ၊ ရထားဘူတာစစ်ဖီးယှောင်စခန်းတွင် အမိုးအကာ နန့် ဆောက်လုပ်ရီးပစ္စည်းများအရေးပေါ်လိုအပ်နီည်။
(၂) မျိုးစပါးပျက်စီးဆုံးယှုံးမှုများကြောင့် ရက္ခိုင်ဟိ မုန်တိုင်းသင့်တောင် သူလယ်သမားများမှာ ဒေရာသီ မိုးစပါး စိုက်ပျိုး ရန်အခက်ကြုံနီကတ်ရသည်။
(၃) ပုဏ္ဏားကျွန်းမြို့နယ်တွင် ဂျုန် ၁၆ ရက်နိ ညဇာက ဒေသခံလယ် သ မား ၃ ယောက်မှာ လယ်ယာလုပ်ကိုင် နီစဉ် မိုးကြိုး ပစ်ခံရ၍ သီဆုံးလားသည်။
၇။ ၁၇-၆-၂၀၂၃ (စနီ)
(၁) ရက္ခိုတွင် ဂျုန် ၁၆ ရက်နိ တရက်အတွင်း မိုးကြိုးပစ်ခံရ၍ ဒေသခံပြည်သူ ၄ ယောက်သီဆုံးကာ ၁ ယောက် ပြင်းပြင်း ထန်ထန် ဒဏ်ရာရသည်။
(၂) မုန်တိုင်းဒဏ်ခံခရသည့် မြေပုံမြိုနယ်မှ ကျေးရွာတချို့တွင် လတ်တ လော အရေးပေါ်လိုအပ်လျက်ဟိသည့် အမိုးအကာ နန့်စားနပ်ရိက္ခာများကို ရက္ခိုင်အမျိုးသားအဖွဲချုပ်/ရက္ခိုင့်တပ်တော် ULA/AA က ကူညီထောက်ပံ့ပီးနီ သည်။
၈။ ၁၈-၆-၂၀၂၃ (တလင်းဂနီ)
ကျောက်ဖြူတွင် ဂျုန် ၁၇ ရက်နိညည့်က ကျောက်ဖြူအခြီစိုက် မြန်မာစ်စတပ် ခလရ (၃၄) မှ တပ်ဖွဲဝင်များနန့် ကျောက်ဖြူ မြို့မရဲစခန်းမှ ရဲတပ် ဖွဲ့ဝင်များပူးပေါင်းလျက် တောင်ရင်းရပ်ကွက်က ဆယ်ကျော် သက်အ ရွယ်လူငယ် ၇ ယောက်ကို ဖမ်း ဆီးလျက် အုပ်ချုပ်ရီးမှူးနီအိမ်သို့ ခေါ်ယူလားခကာ ရပ်ကွက်အုပ်ချုပ်ရီးမှူးနန့် မိဖအုပ်ထိန်းသူများကို အာမခံခိုင်းပြီးနောက် ပြန်လွှတ်ပီးလိုက်သည်။
