APM ၊ ဂျုန် ၁၉/ ၂၀၂၂
ရက္ခိုင်ပြည်တွင် မတူညီသည့် လူမျိုးများအကြား ဘာသာရီး၊ လူမျိုးရီး အမုန်းတရားပွားအောင် စစ်ကောင်စီတပ် ဖန်တီးနီသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)၏ ပြန်ကြားရီးတာဝန်ခံ ဆရာဦးခိုင်သုခက ပြောကြား လိုက်သည်။
ဂျုန် ၁၄ ရက်နိက ကျင်းပသော “ရက္ခိုင်ပြည်သူ့အစိုးရ”၏ (၃) ကြိမ်မြောက် သတင်းစားယှင်းလင်းပွဲတွင် Arakan Princess Mediaသတင်းထောက်၏အမိန်းကိုပြန်လည်ဖြေကြားရာ၌ဆရာဦးခိုင်သုခက အဂုပိုင်ထည့်သွင်းပြောကြားခခြင်းဖြစ်သည်။
စစ်ကောင်စီတပ်၏ ဘာသာရီး၊လူမျိုးရီးအမုန်းတရားပွားအောင်ဆောင်ရွက်နီမှုနန့်စပ်လျဉ်း၍ ဆရာဦးခိုင်သုခက“ဘာသာရီး၊ လူမျိုးရီး အမုန်းတရားပွားအောင် ဖန်တီးနီစွာတိလေ့ဟိရေ။ ယင်းချင့်တိကိုလေ့ သက်ဆိုင်ရာ လူမျိုးစုတိ လုံခြုံဖို့၊ တည်ငြိမ်အီးချမ်းဖို့အတွက် ကျနော်ရို့ အနီနန့် အကောင်းဆုံး အပြုသဘောဆောင် ကြိုးစားနီရစွာတိ ဟိပါရေ။ ရက္ခိုင်ပြည်သူတိအနီနန့်လေ့ အေကိစ္စတိမှာ ပူပေါင်းပါဝင်ဖို့လို့အပ်တေ” ဟု ပြောကြားခပါသည်။
ယင်းအပြင် “ရက္ခိုင်ပြည်၌ မှီတင်းနီထိုင်ကတ်သော လူမျိုးစုအသီးသီးကို စနစ်တကျနန့်တပြေးညီ ဘုံရပ်တည်ချက် များထား၍ စည်းစည်းလုံလုံးညီညီညွတ်ညွတ်လုပ်ကိုင်ရန် လိုအပ်ပါကြောင်း၊ အယင်ကဟိခသည့် အငြိုးအတေးများကိုသည်းခံခွင့်လွှတ်လျက် တရားမျှတမှုဟိဟိ၊ ချစ်ချစ်ခင်ခင်နန့် မှန်ကန်သည့် ဘုံရပ်တည်ချက်ပေါ်မှာ အခြီခံပြီး အရက္ခတိုင်းပြည်ကို အကောင်းဆုံး ဖွဲ့စည်းတည်ဆောက်ကတ်ရမည်ဖြစ်ပါကြောင်း” လေ့ ထည့်သွင်းပြောကြားလားခသည်။
သမိုင်းတလျှောက် မြန်မာအစိုးရအဆက်ဆက်ရို့သည် နိုင်ငံရီးအကျပ်အတည်းပြင်းထန်လာချိန်တိုင်း “ထွက်ပေါက်” အဖြစ်ရက္ခိုင်ပြည်၌ဘာသာရီး၊လူမျိုးရီးပြဿနာများကို လုပ်ကြံဖန်တီးလိဟိသည်နန့်အညီ အဂုအခါစစ်ရီးနိုင်ငံရီး အကျပ်အတည်း နန့် ရင်ဆိုင်နီရသော စစ်ကောင်စီသည် ရက္ခိုင်ပြည်ဟိ ရက္ခိုင်နန့်မူဆလင် လူမှုအသိုက်အဝန်းနှစ်ခု အကြားပဋိပက္ခများဖြစ် ပွားလာစီရန် ကောက်ကျစ်ယုတ်ညံ့စွာ နည်းလမ်းပေါင်းစုံဖြင့် စနစ်တကျ လုပ်ကြံဖန်တီးပုံဖော်လျက်ဟိသည်။
ယင်းအတွက်ကြောင့်ရက္ခိုင်ပြည်သူလူထုများအနီနန့် မိမိရို့၏တော်လှန်ရီးလမ်းကြောင်းကို မျက်ခြေပြတ်မခံဘဲ စစ်ကောင်စီ ၏နိုင်ငံရီးထောင်ချောက်တိကိုအထူးသတိပြုယှောင်ယှားကတ်ရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA)မှ ရက္ခိုင်ပြည်သူသို့ အကြိမ်ကြိမ် သတိပီးထားကြောင်းလေ့ သိဟိရပါသည်။
