APM ၊ မေ ၁၉ / ၂၀၂၃
Mocha မုန်တိုင်းဒဏ်သင့်မြန်မာပြည်သူများအတွက် အိန္ဒိယအစိုးရမှ ပထမဆုံးအကြိမ်အဖြစ် ကယ်ဆယ်ရီးပစ္စည်း များနန့် စားသောက်ဖွယ်ရာများကို စစ်ရီယာဉ် ၃ စီးနန့် မေ ၁၈ ရက်နိတွင် ပီးပို့လှူဒါန်းလိုက်ကြောင်း ရန်ကုန်ဟိ အိန္ဒိယသံရုံးက ထုတ်ပြန်သည်။
အဆိုပါသင်္ဘော ၃စင်းသည် မေ ၁၈ ရက်နိ၊ မွန်းလွဲပိုင်းက ရန်ကုန်မြို့ဟိ သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်ခပြီး စစ်ကောင်စီ ၏ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနန့် မြန်မာ ပြည်ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E.Mr. Vinay Kumar ရို့က ကြိုဆိုခကတ်သည်ဟု ဆိုသည်။
အိန္ဒိယစစ်ရီယာဥ် ၃ စီးတွင် အသင့်စားခေါက်ဆွဲ၊ ဘိစကစ်၊ ငါးသေတ္တာဘူး၊ ရွက်ဖျင်တဲ၊ တာပေါ်လင်စ၊ ပုဆိုး၊ လက်နှိပ် ဓာတ်မီး၊ ဆိုလာမီးအိမ်၊ လူနာသုံးတွန်းလှည်း၊ ဂျိိုင်းထောက်၊ မီးစက်၊ ရီစုပ်စက်၊ သစ်ဖြတ်လွှ၊ တကိုယ်ရေသုံး ပစ္စည်းများ၊ သန့်ယှင်းရီးသုံးပစ္စည်းများနန့် ဆီးဝါးများ စုစုပေါင်း တန်ချိန် ၂၅ တန်ခန့် ပါလာကြောင်း သိရသည်။
ယင်း ကူညီကယ်ဆယ်ရီးပစ္စည်းများနန့် စားသောက်ဖွယ်ရာများကို စစ်ကောင်စီက မင်္ဂလာဒုံလီတပ်စခန်း ဌာနချုပ်သို့ ပို့ဆောင်ကာ ယင်းမှတဆင့် စစ်တွေမြို့သို့ ဆက်လက်ပို့ဆောင်ပြီး မုန်တိုင်းဒဏ်သင့်ပြည်သူများအား ဖြန့်ဝီပီး လားမည်ဟု ဆိုသည်။
ဒေနိ(မေ ၁၉ ရက်)နိမှာလေ့ အိန္ဒိယအစိုးရ၏ နောက်ထပ် စစ်သင်္ဘောတစင်း ရန်ကုန်သို့ ကယ်ဆယ်ရီး ပစ္စည်းများပီးပို့ရန် ထပ်ရောက်မည်ဟု အိန္ဒိယနိုင်ငံခြားရီးဝန်ကြီး Subhramanyam Jaishankar က ၎င်း၏ တွစ်တာတွင် ရွီးသားထားသည်။
Photo – အိန္ဒိယသံရုံး၊ ရန်ကုန်