
APM ၊ မေ ၁၉ / ၂၀၂၃
Mocha ဆိုင်ကလုန်း မုန်တိုင်းကြောင့် နီအိမ်အများအပြားပျက်စီးဆုံးယှုံးခရသည့် မုန်တိုင်းဒဏ်သင့် ရက္ခိုင်ပြည်သူ များအတွက် လက်ဟိ၌ သောက်သုံးရီနန့်အမိုးအကာများ အရေးပေါ်လိုအပ်နီကြောင်း သိရသည်။
Mocha ဆိုင်ကလုန်း မုန်တိုင်းဖြတ်ပြီးနောက်ပိုင်း ရက္ခိုင်ပြည်မြို့နယ်အများစု၌ လူနီအိမ်များ၊ သာသနိက အဆောက် အအုံများ၊ စာသင်ကျောင်းများနန့် ဆီးရုံ၊ဆီးခန်းများအပါအဝင် အဆောက်အအုံပေါင်း အမြောက်အမြားပျက်စီးခရသည်။
ယင်းမုန်တိုင်းကြောင့်ပြိုပျက်လားရသည့် နီအိမ်များကိုပြန်ပြုပျင်ရန် အမိုးအကာများ အရေးတကြီးလို အပ်နီပြီး လက်ဟိ မုန်တိုင်း အလွန် ၅ ရက်မြောက်သည့်တိုင် အကူအညီလုံးဝမရသိမ့်ဘဲ ဝယ်ယူသုံးစွဲရန် အတွက်လေ့ ငွေကြေးမတတ်နိုင်သူ ကများသည့်အပြင် ပစ္စည်းများပြတ်နီသည့်အတွက် အခက်ကြုံနီကတ်ရ ကြောင်း ဒေသခံများကပြောသည်။
“အိမ်အများစုကတော့ ပျက်စီးလားပါရေ။ အနည်းနန့်အများပါရာ။ အိမ်လုံးဝပြိုကျလာရေဟိရေပိုင် တချို့ ခေါင်မိုး လန် လားရေ အိမ်တိလေ့ဟိပါရေ။ ယင်းလူတိဆိုကေ မိုးရွာကေ နီစရာနီရာမဟိ၊ အားလုံးက ကိုယ်ထူကိုယ်ထ ပြန်လုပ်နီ ကတ်ပါရေ။ အမိုးအကာ နန့် ဆောက်လုပ်ရီး ပစ္စည်းတိကတော့ ကောင်းအခက်အခဲ ကြုံနီကတ်ရပါရေ” ဟု ဆိုသည်။
ဒေရက်ပိုင်းအတွင် ရက္ခိုင်ပြည်တဝန်း၌ နိစဥ်ရက်ဆက်မိုးရွာသွန်းနီသည့်အပြင် အိမ်ဆောက်ပစ္စည်း နန့် စား သောက်ကုန်ဈီးနှုန်းများ မှာလေ့အဆမတန်မြင့်တက်နီပြီးမုန်တိုင်းဒဏ်သင့်ပြည်သူများအနီနန့် နီအိမ်များပြုပြင် နိုင်ခြင်းမဟိသိမ့်ဘဲ မိုးရီထဲတွင်ပင် ဒုက္ခခံနီ ကတ်ရကာ နီထိုင်စားသောက်ရီး အခက်အခဲ များနန့် ရင်ဆိုင်နီကတ်ရ သည်။
ယင်းအပြင် သောက်သုံးရီလေ့အခက်အခဲဖြစ်နီကတ်ရပြီး မသန့်ယှင်းသည့်ရီကိုရာ သောက်သုံးနီကတ်ရ၍ ဝမ်းရောဂါ ဖြစ်ပွားနီသူ များလေ့ ဟိကာ အချိန်ကြာလာသည့်နန့်အမျှ ကျန်းမာရီး အခြေအနီပိုဆိုးလာ နိုင်သည်ဟုဆိုသည်။
ရက္ခိုင်တွင် မေ ၁၄ ရက်နိက Mocha ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် မုန်တိုင်းဖြတ်သန်း ရာလမ်းကြောင်း တလျောက်ဟိ မြို့၊ရွာ၊ အိုးအိမ်၊ အဆောက်အအုံများ ၉၀ ရာခိုင်နှုန်းလောက်ပျက်စီးဆုံးယှုံးလားကြောင်း ရက္ခိုင်အမျိုး သားအဖွဲ့ချုပ် ULA က ထုတ်ပြန်ပြောဆိုထားသည်။


