
APM ၊ ဧပြီ ၁၉ /၂၀၂၅
ကျောက်တော်မြို့ကို ဧပြီ ၁၉ ရက်နိ၊ မိုးထစောစောမာ ဖက်ဆစ် စစ်ကောင်စီက (၄) ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခလို့ အရပ်သားပြည်သူ ၁ ယောက်သီဆုံးလားပြီးကေ အယောက် ၂၀ ထိခိုက်ဒဏ်ရာ ရလားရေလို့ မြို့ခံတိက ပြောပါရေ။
သီဆုံးလားရေလူစွာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်က ဦးကျော်စိုး(ခ)မောင်ငယ် (၄၀ နှစ်)ဖြစ်ပါရေ။
ဒဏ်ရာရလားရေ လူတိကတော့ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်က မောင်အောင်မြတ်ဟိန်း(၄ နှစ်)၊ မောင်ဇော်မျိုးနိုင်(၈ နှစ်)၊ မောင်ဖြိုးမင်းသိန်း(၉ နှစ်)၊မ ချစ်မြတ်ဝေ (၁၉ နှစ်)၊ ဒေါ်အေးရီ(၄၈ နှစ်)၊ ဒေါ်ရွှီဇင်(၃၈ နှစ်)၊ ဒေါ်အေးမြရီ (၄၄ နှစ်)၊ ဦးမောင်လှဝင်း(၄၆ နှစ်)၊ ဒေါ်လှသန္တာ(၃၂ နှစ်)၊ ဦးဇော်ချေ (၃၉ နှစ်)၊ ဒေါ် စုစုမြတ်ဇော်(၃၂ နှစ်)၊ ဒေါ် ဦးခင်နု(၆၇ နှစ်)၊ ဒေါ်အေးကျော့ညွှန့် (၆၄ နှစ်)၊ မြို့သစ်ရပ်ကွက်က မောင်ဆန်းကျော်ဝင်း(၉ နှစ်)၊မောင် ခိုင်မြတ်လင်း (၁၂ နှစ်)၊ မခိုင်မြတ်နွယ်(၁၄ နှစ်)၊ ဦးကျော်မိုး(၄၃ နှစ်)၊ ဦးမောင်သန်းဝင်း(၅၀ နှစ်)၊ ဦးအောင်ထွန်းမြတ်(၄၄ နှစ်)နန့် ဦးကျော်မင်းထွန်း(၃၈ နှစ်)ရို့ ဖြစ်ကတ်ပါရေ။
ဖက်ဆစ် စစ်ကောင်စီ၏ ဂျက်ဖိုက်တာနှစ်စီးစွာ ကျောက်တော်မြို့ကို ဒေနိ မိုးထစောစော ၂ နာရီ ၃၉ မိနစ်မာ ပထမတကြိမ်ရော့ကတ်ဗုံး ၁ လုံး၊ ၂ နာရီ ၄၄ မိနစ်မာ ပေါင် ၅၀၀ ဗုံး ၁ လုံး၊ ၂ နာရီ ၄၇ မိနစ်မာ တတိယအကြိမ် ရော့ကတ်ဗုံး ၄ လုံး၊ ၂ နာရီ ၅၁ မိနစ်မာ စတုတ္တအကြိမ် ဗုံး ၇ လုံး၊ စုစုပေါင်း (၄) ကြိမ်တိုင်တိုင်၊ ဗုံး ၁၃ လုံး ကြဲချတိုက်ခိုက်ခရေလို့ ဒေသခံတယောက်က Arakan Princess Media ကို ပြောပါရေ။
ယင်းသို့ ဗုံးသီးတိစွာ ကျောက်တော်မြို့ထက်ဟိ ပြည်တော်သာရပ်ကွက်နန့် မြို့သစ် ရပ်ကွက်ရို့မာ အသီးသီး ကျရောက်ပေါက်ကွဲခပြီးကေ၊ ဦးကျော်စိုး(ခ)မောင်ငယ်မာ ဗုံးစကျပနာ သီဆုံးလားရေပိုင်၊ နောက်ထပ် မြို့ခံ အယောက် ၂၀ မာလည်း အသီးသီး ထိခိုက် ဒဏ်ရာ ရလားရေလို့ ဆိုပါရေ။
ကုန်ခရေ ဧပြီ ၁၃ ရက်နိကလည်း ကျောက်တော်မြို့ကို ဖက်ဆစ် စစ်ကောင်စီက ဂျက်ဖိုက်တာနန့် ဗုံးကြဲတိုက်ခိုက်ခလို့ မြို့ခံအရပ်သားပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာ ရလားခပါသိမ့်ရေ။
Photo – Arakan Princess Media







