
APM ၊ ဧပြီ ၁၉ / ၂၀၂၃
ဧပြီ ၁၇ ရက်နိတွင်ကျရောက်သော ‘ဝ’ပြည် ငြိမ်းချမ်းရီးတည်ထောင်ခြင်း(၃၄)နှစ်ပြည့် အခမ်းအနားသို့ ညီနောင် မဟာမိတ်(၃)ဖွဲ့ဖြစ်သည့်MNTJP/MNDAA၊ PSLF/TNLA နန့် ULA/AA ရို့က ဂုဏ်ပြုသဝဏ်လွှာ ပီးပို့ခကြောင်း သတင်းရဟိသည်။
အဆိုပါ ဂုဏ်ပြုသဝဏ်လွှာတွင်“ ၃၄ နှစ်တာ အခက်အခဲများကိုရင်ဆိုင်ခြင်း၊ ၃၄ နှစ်တာ ကြိုးစားခြင်း၊ ၃၄ နှစ်တာ ကြိုးပမ်းအားထုတ်ခြင်း၊ ၃၄ နှစ်တာခမ်းနားထည်ဝါခြင်းများနန့်အတူ ‘ဝ’ ပြည်ငြိမ်းချမ်းရီး တည်ထောင်ခြင်း (၃၄) နှစ် ပြည့်ကျင်းပသည့် အခါသမယ၌ မိမိရို့ ကိုးကန့်၊ ရက္ခိုင်နန့်တအာင်းညီနောင်မဟာမိတ် (၃)ဖွဲ့မှ လှိုက်လှိုက် လှဲလှဲ ဂုဏ်ပြုကြိုဆိုပါကြောင်း နန့် ဆုမွန်ကောင်းပို့သလိုက်ပါသည်” ဟု ဖော်ပြပါဟိသည်။
ယင်းနောက် ငြိမ်းချမ်းရီးတည်ထောင်ခြင်းနှစ် ၃၀အတွင်း အထွေထွေအတွင်းရီးမှူး (ဦး)ပေါက်ယူချန်းကို ဗဟိုပြု၍ ‘ဝ’ပြည်သွီးစည်းညီညွတ်ရီးပါတီ(ဗဟို) ၏ ဦးဆောင်မှုအောက်၌ ‘၀’ပြည်သည် ကိုယ့်အားကိုယ်ကိုး၍ ငြိမ်းချမ်းရီး၊ဖွံ့ဖြိုးတိုးတက်ရီးအလံကို အမြင့်ကိုင်ခြင်း၊ကိုယ့်အား ကိုယ်ကိုး၍ လက်နက်ကိုင်ကာ မိမိကိုယ်ကို ခုခံကာကွယ်ခြင်း၊ ‘၀’ပြည်သူလူထု အသီးသီအား စည်းလုံးညီညွတ်စွာဖြင့် ဦးဆောင်လျက် ငြိမ်းချမ်းရီးတည် ဆောက်ခြင်း အတွက် ကြီးကြီး မားမား လုပ်ဆောင်ခပြီး “ဝ” ပြည်ကို အသွင်သစ်ပြောင်းလဲခြင်း၊ နိစဉ်နန့်အမျှ စီးပွားရီး တိုး တက်ကြီးပွားစီခြင်းနန့် ပြည်သူလူထုများ၏ လူနီမှုအဆင့် အတန်းမြင့်မားလာစီခြင်း စသည့် ကမ္ဘာကြီးက အာရုံစိုက် ရသော အောင်မြင်မှုများ ရဟိခသည်ဟု ညီနောင်မဟာ မိတ် (၃)ဖွဲ့ ၏ ဂုဏ်ပြုသဝဏ်လွှာ၌ ဖော်ပြထားသည်။
ယင်းအပြင် ‘ဝ’ ပြည်သည် မိမိကိုယ်ကို မိမိဖွံ့ဖြိုးတိုး တက်အောင်လုပ်ဆောင်သည်နန့် တပြိုင်နက်တည်းမှာပင် ညီနောင်မဟာမိတ် (၃) ဖွဲ့အပါအဝင် တိုင်းရင်းသားလူမျိုးများအသီးသီး၏ အမျိုးသားတန်းတူရီးရဟိရန်၊ အမျိုး သားအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရန်နန့် အမျိုး သား အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဟိရန် စသည့် အမှန်တရားတိုက်ပွဲများအပေါ် အလေးဂရုပြုခြင်း၊ထောက်ပံ့ခြင်းနန့် ကူညီခြင်းရို့တွင် ဇာခါလေ့သင့် မမိလျော့ခပါ” ဟုလေ့ ညီနောင်မဟာမိတ်(၃)ဖွဲ့က ဆိုသည်။
အထူးသဖြင့် ‘ဝ’ ပြည်မှ အဆိုပြုခသည့် ပြည်ထောင်စု နိုင်ငံရီးဆွေးနွေးညှိနှိုင်းရီးကော်မတီ (FPNCC )တည်တောင် ခြင်းသည် ညီနောင်လူမျိုးများ အသီးသီးအတွက် နိုင်ငံရီးဆိုင်ရာ ပူပေါင်းဆောင်ရွက်မှုနန့်ဆက်ဆံရီးမြှင့်တင်ရာ၌ ကြီးမားသော အထောက်အပံ့ဖြစ်ကာ ညီနောင်လူမျိုးအသီးသီး၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရီး၊ငြိမ်းချမ်း ရီးရို့အတွက် ဗမာလူမျိုးကြီးဝါဒကိုအဓိက ထားသည့် စစ်အာဏာသျှင်နန့်နိုင်ငံရီးတိုက်ပွဲဆင်နွှဲရာ၌ ခိုင်မာသော နောက်ခံတရပ်ဖြစ်လာပြီး ကြီးမား၍ အစား ထိုးမရသော အခန်းကဏ္ဍမှ ပါဝင်လျက်ဟိကြောင်း ညွှန်းဆိုသည်။
အလားတူ ‘ဝ’ပြည်သည် ဂေါင်းဆောင်သစ်များခန့်အပ်မှုကိုလည်း တည်ငြိမ်စွာတိုးမြှင့်လုပ်ဆောင်လျက်ဟိပြီး ဤလုပ်ဆောင်ချက်များသည် ဖိုးဖီးများ၏လုပ်ငန်းတာဝန်အမွီကို ဆက်ခံ၍ အနာဂတ်မျိုးဆက်များအတွက် လမ်းဖွင့် ပုံဖော်နိုင်မည်ဟု ယုံကြည်ပါကြောင်းနန့် အနာဂတ်တွင် ‘ဝ’ပြည်ဂေါင်းဆောင်သစ်ရို့က ‘ဝ’ပြည်ဟိလူမျိုး အသီးသီးရို့ကို ဆက်လက်ဦးဆောင်လျက် ငြိမ်းချမ်းရီး တည်ဆောက်ခြင်းလုပ်ငန်း၌ အောင်မြင်မှုအသစ်များ ရဟိကာ ညီနောင်လူမျိုး အသီးသီး၏ အမှန်တရားတိုက်ပွဲတွင်အောင်မြင်မှုအသစ်ရစီရန် ဆက်လက်ကူညီပံ့ပိုးလိမ့် မည်ဟု ယုံကြည်ပါကြောင်းဖြင့်” ဧပြီ ၁၇ ရက်နိတွင်ကျရောက်သော ‘ဝ’ပြည် ငြိမ်းချမ်းရီး တည်ထောင်ခြင်း (၃၄) နှစ်ပြည့် အခမ်းအနားသို့ ပီးပို့သည့် ညီနောင် မဟာမိတ် (၃) ဖွဲ့၏ ဂုဏ်ပြုသဝဏ်လွှာတွင် အလေးအနက် ဖော်ပြထားကြောင်း တွိရပါသည်။
ဓါတ်ပုံ–‘ဝ’ပြည်၊မိုင်းပေါက်ရောက်
APM သတင်းထောက်
သာထွန်းဇံ ပီးပို့သည်။





