
APM ၊ ဧပြီ ၁၉ / ၂၀၂၃
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဟိရီးနန့်အမျိုးသားနိုင်ငံရီးဦးတည် ချက်သို့ ရောက်ဟိအောင်မြင်စီဖို့ ‘ဝ’ ဂေါင်းဆောင်ရို့၏ နိုင်ငံရီး၊ စစ်ရီး ဦးဆောင်မှုကို ခံယူကာ အမြဲလက်တွဲ ပူး ပေါင်းလားမည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရီး တပ်မတော် (TNLA) က ဆိုသည်။
ဧပြီ ၁၇ ရက်နိတွင် ကျရောက်သည့်‘ဝ’ ပြည်ငြိမ်းချမ်းရီးတည်ဆောက်ခြင်း (၃၄) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် TNLA က ပီးပို့သည့် သဝဏ်လွှာ၌ ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။
TNLA ၏ သဝဏ်လွှာတွင် “၂၀၂၂ ခုနှစ်က မြန်မာပြည် တွင်းအခြေအနေအပေါ် ‘ဝ’ပြည်အစိုးရ၏ သဘော ထားဖြစ်သည့် ပြည်တွင်းပဋိပက္ခကို အင်အားသုံးမဖြေယှင်းဘဲ နိုင်ငံရီးနည်းလမ်းများနန့်ရာ အဖြေရှာရန် တိုက်တွန်း ချက်သည် မြန်မာ့ ပဋိပက္ခကို ကိုင်တွယ်ဖြေယှင်းရာ၌ ကိုင်စွဲထားရမည့် အခြီခံမူဝါဒဖြစ် ပါကြောင်း၊ အဆိုပါ မူဝါဒသည် ‘ဝ’ပြည်၏ ပကတိ အဟိတရားနန့် လျော်ညီပြီး PSLF/TNLAမှလေ့ လိုလားထောက်ခံကြောင်း”ဆိုသည်။
ယင်းအပြင် ‘ဝ’ပြည်ထဲမှ တိုင်းရင်းသားလူမျိုးပေါင်းစုံကို ဦးဆောင်ပြီး ‘ဝ’ပြည်နန့် ‘ဝ’လူမျိုးရို့၏ စစ်ရီး၊ နိုင်ငံရီး၊ စီးပွားရီး စသည့် ကဏ္ဍအသီးသီးကို တိုးတက်လာစီဖို့ အ ကောင်အထည်ဖော်နိုင်ခသည့် ‘ဝ’ ပြည်သွီးစည်း ညီညွတ် ရီးပါတီ၊ ‘ဝ’ပြည် သွီးစည်းညီညွတ်ရီးတပ်မတော် ဂေါင်း ဆောင်များနန့် ‘ဝ’ ပြည်အစိုးရကို အမြဲလေးစားဂုဏ်ယူ လျက် ‘ဝ’ လူမျိုးနန့် ‘ဝ’ ပြည်သူရို့၏ သွီးစည်းညီညွတ်မှုကို အလေးဂရုပြုပါကြောင်း TNLA၏ သဝဏ်လွှာ၌ ဖော် ပြထားသည်။
ဓါတ်ပုံ-‘ဝ’ပြည်၊မိုင်းပေါက်ရောက် APM သတင်းထောက်သာထွန်းဇံ ပီးပို့သည်။



