
APM ၊ ဧပြီ ၁၉ / ၂၀၂၃
ချန်ပီယံလိဂ်ဖလားကို (၁၄) ကြိမ်နန့် အများဆုံးဆွတ်ခူးထားသည့် ရဲမက်ဒရစ်အသင်းသည် (ဒေနိ) ဧပြီ ၁၉ ရက်နိ မိုးထက ချယ်ဆီးအသင်းကို ၂ ဂိုးပြတ်နန့် အနိုင်ရခပြီးနောက် ၂၀၁၀ ခုနှစ်နောက်ပိုင်း ဘောလုံးပြိုင်ပွဲ ၁၃ ရာသီ အတွင်း ချန်ပီယံ လိဂ်ဆီမီးဖိုင်နယ်သို့ (၁၁) ကြိမ်မြောက်အထိ တက်ရောက်ထားနိုင်ကြောင်းသိရသည်။
ရီးရဲအသင်းသည် အဆိုပါ (၁၁) ကြိမ်တွင် ဖိုင်နယ်သို့ (၄) ကြိမ်တက်ရောက်ထားကာ၊ (၄)ကြိမ်စလုံး ဗိုလ်စွဲခသည်။
ဆီမီးဖိုင်နယ်သို့တက်ရောက်ထားသည့် ရီးရဲနည်းပြ အန်ဆယ်လော့တီက “ ကျတော်ရို့ ဒေနိပွဲမှာ ရိုဒရီဂို ဂိုးမသွင်းခင် အသဲအသန်ယှဥ်ပြိုင်ခရပါရေ။ ဒေဂုတော့ ဖိုင်နယ်ပွဲအတွက် အဆင်သင့်ဖြစ်နီပါဗျာယ်” ဟု သတင်းစာယှင်း လင်းပွဲတွင် ပြောဆိုခသည်။
ရီးရဲအသင်းအတွက် ၂ ဂိုးစလုံးကို တိုက်စစ်မှူး ရိုဒရီဂိုက သွင်းယူပီးခပြီး၊ နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုးပြတ်နန့် နောက်တဆင့် သို့တက်ရောက်လားကာ၊ ဆီးမီးဖိုင်နယ်တွင် ဒေနိညည့်ပြိုင်ပွဲ၌ အနိုင်ရသည့်အသင်းနန့် ရင်ဆိုင်ရ မည် ဖြစ်သည်။
Source – Real Madrid have reached the Champions League semi-finals 11 times in 13 seasons.
Photo – Eurosport
