APM ၊ ဧပြီ ၁၉ / ၂၀၂၃
ဂျာမနီနိုင်ငံ၊ စတုဂတ်မြို့တွင်ကျင်းပနီသည့် စတုဂတ်အိုးပင်းတင်းနစ် အမျိုးသမီးတယောက်ချင်းပြိုင်ပွဲ ပထမအဆင့်တွင် စပိန်တင်းနစ်မယ် ဘာဒိုဆာက ရုသျှတင်းနစ်မယ် ကာဆက်ကီနာကို အနိုင်ယူပြီး နောက်တဆင့်သို့တက်ရောက်လားကြောင်းသိရသည်။
ဧပြီ ၁၈ ရက်နိယှဥ်ပြိုင်ခသည့်အဆိုပါပွဲတွင် ဘာဒိုဆာသည် ပွဲကဇတ်ချိန် ၁ နာရီ ၁၀ မိနစ် အကြာတွင် ၆:၁ ရလဒ်နန့် ကမ္ဘာ့အဆင့်ထိပ်တန်း ၁၀ ယောက်စာရင်းဝင် ကာဆက်ကီနာကို အနိုင်ယူနိုင်ခခြင်း ဖြစ်သည်။
အသက် ၂၅ နှစ်အရွယ် ဘာဒိုဆာ သည် ဒုတိယအဆင့်တွင် တနိုင်ငံတည်းဖြစ်သည့် တင်းနစ်မယ်ဘက်ဆာနန့် ဆက်လက် ယှဥ်ပြိုင်ရမည်ဖြစ်ပြီး၊ ဘက်ဆာနန့် တွိဆုံဖူးသည့် ITF အဆင့်တွင် နှစ်ကြိမ်စလုံး ဘာဒိုဆာက အနိုင်ရ ထားကြောင်း သိရသည်။
ဘာဒိုဆာက” Top 3 ကိုပြန်ရောက်ရန်အတွက် ပြိုင်ပွဲတိုင်းကို အနိုင်ယူဖို့မျှော်လင့်ထားပြီး ပွဲကြီးပွဲကောင်းများ ကဇတ်ရ သည်ကို နှစ်သက်သည်”ဟု ပြောဆိုထားသည်။
Source – Bardossa wins first round of Stuttgart Open tennis
Photo – Diario AS