
APM၊ မာ့ချ် ၁၉/ ၂၀၂၄
ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်မာ မာ့ချ် ၁၈ ရက်နိက စစ်ကောင်စီတပ်၏လီကြောင်းတိုက်ခိုက်မှုကြောင့် မူဆလင်အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သီဆုံးဒဏ်ရာရမှုအပါအဝင် စစ်ကောင်စီ၏ အကြမ်းဖက်မှုအားလုံးကို ပြစ်တင်ရှုံ့ချကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရီးမှူးချုပ် ဂူတာရတ်က ကြေညာပါရေ။
အတွင်းရီမှူးချုပ်၏ ကြေညာချက်မာ မင်းပြားမြို့နယ်ကို စစ်ကောင်စီ လီကြောင်းတိုက်ခိုက်မှုကြောင့် လူအစုလိုက်အပြုံလိုက်သီဆုံးမှုနန့်လူငယ်တိကို ဖမ်းဆီးထိန်းသိမ်းနီမှု၊ အဓမ္မစစ်သားစုဆောင်းနီမှုနန့် စစ်မှုထမ်းဥပဒေကို ဗန်းပြပနာ လူ့အခွင့်အရေးချိုးဖောက်မှုတိအတွက် အထူး စိုးရိမ်ကြောင်း ဖော်ပြထားပါရေ။
ရက္ခိုင်ပြည်မာ ပဋိပက္ခတိ ကျယ်ပြန့်လာစွာက အိုးအိမ်စွန့်ခွာထွက်ဗြီးမှုတိကို တွန်းအားဖြစ်စီပြီးကေ နဂိုဟိပြီးသား အားနည်းချက်တိနန့် ခွဲခြားဆက်ဆံမှုတိကို ပိုလို့ဆိုးရွားစီရေလို့ သူက ဆိုပါရေ။
ကုလသမဂ္ဂအနီနန့် အဆိုပါ အကြမ်းဖက်မှုအားလုံးကို ရှုံ့ချလိုက်ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေနန့်အညီ လူမှုကယ်ဆယ်ရီးလုပ်သားတိ အပါအဝင် အရပ်သားတိကို အကာအကွယ်ပီးဖို့ တောင်းဆိုထားပါရေ။
ယင်းအပြင် မြန်မာပြည်မာ တောက်လျှောက်ဖြစ်နီရေ ပဋိပက္ခတိနန့် ပျက်စီးနီရေအခြေအနီတိကို စိုးရိမ်ပါကြောင်း၊ အကြမ်းဖက်မှုပုံစံအားလုံးကို ပြစ်တင်ရှုံ့ချကြောင်း၊ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတိအတွက် တာဝန်ခံမှုဟိရဖို့ ဖြစ်ကြောင်းလည်း ဖော်ပြထားပါရေ။
မြန်မာပြည်က နှိပ်စက်ညှဉ်းပန်းမှုတိနန့် အကြမ်းဖက်မှုတိကြောင့် ထွက်ဗြီးခိုလှုံလာကတ်တေ မြန်မာပြည်သားတိကို ကာကွယ်ကူညီပီးကတ်ဖို့နန့် မြန်မာ့အကျပ်အတည်းကို အလေးထားဆောင်ရွက်ကတ်ဖို့ ဒေသတွင်းနိုင်ငံတိနန့် နိုင်ငံတကာကိုလည်း တောင်းဆိုထားပါရေ။
Source – Statement attributable to the Spokesperson for the Secretary-General – on Myanmar
Photo – AFP
