
APM ၊ မာ့ချ် ၁၉ / ၂၀၂၄
မင်းပြားမြို့နယ်၊ သာဒါ (မူဆလင်) ရွာကို အကြမ်းဖက်စစ်ကောင်စီက ဂျက်တိုက်လီယာဉ်နန့် ဗုံးကြဲတိုက်ခိုက်ခရေ ဖြစ်စဉ်အတွင်း သီဆုံးလူ (၂၂) ဦး နန့် ထိခိုက်ဒဏ်ရာရလူ (၂၉) ဦးအထိဟိကြောင်း ရက္ခိုင့်တပ်တော် AA က မာ့ချ် ၁၉ ရက်နိမာ ထုတ်ပြန်ပါရေ။
ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်မာ “၂၀၂၄ ခုနှစ်၊ မာ့ချ်လ (၁၈) ရက်နိ၊ မိုးထ (၁) နာရီ (၃၂) မိနစ်အချိန်တွင် မင်းပြားမြို့နယ်၊ သာဒါ (မူဆလင်) ရွာအား ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လီယာဉ် (၁) စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ (၂၁) ဦးမာ ဗုံးထိမှန်၍ ၎င်းနီရာတွင်ပင် ပွဲချင်းပြီးသီဆုံးခပြီး၊ (၃၀) ဦး ပြင်းထန်ဒဏ်ရာရဟိခပါသည်။ ဒဏ်ရာရဟိလားသော အပြစ်မဲ့ပြည်သူ (၃၀) ဦးအား ULA/AA ဆီးတပ်ဖွဲ့ဝင်များမှ ဆီးကုသပီးလျက်ဟိရာ ၎င်းဒဏ်ရာရဟိလူများထဲမှ တဦးမှာ ၂၀၂၄ ခုနှစ်၊ မာ့ချ်လ (၁၉) ရက်နိတွင် ထပ်မံသီဆုံးခသည်” လို့ဖော်ပြထားပါရေ။
အကြမ်းဖက်စစ်ကောင်စီ၏ ဗုံးဆံကြောင့် သီဆုံးလားလူတိစွာ သာဒါ (မူဆလင်) ရွာက (၁၀) ယောက်ဖြစ်ပြီးကေ အခြားလူတိမာ သာဒါရွာသို့ စစ်ဖီးလာယှောင်နီကတ်တေ ဆင်ကြီးပြင် (မူဆလင်) ရွာက (၁၂) ယောက်လို့ သိရပါရေ။
ယင်းအပြင် အကြမ်းဖက်စစ်ကောင်စီ၏ လီကြောင်းတိုက်ခိုက်မှုကြောင့် သာဒါရွာက ပြည်သူရို့၏ နီအိမ် (၆) လုံး ပျက်စီးလားခရပိုင်၊ နွားတကောင်သီဆုံးပနာ အခြားနွားတကောင်ဒဏ်ရာရလားခရေလို့ ဆိုပါရေ။
ရက္ခိုင်ဒေသ စစ်ပွဲတိုင်းမာ ယှုံးနိမ့်ကာ အရှက်ရ ဒေါသထွက်နီရေ စစ်ယှုံးစစ်ကောင်စီစွာ မြို့ရွာရို့ဟိ အပြစ်မဲ့ပြည်သူလူထု၏ နီအိမ်တိ၊ စစ်ဖီးယှောင်နီရာတိအပြင် စာသင်ကျောင်းတိ၊ ဆီးရုံဆီးခန်းတိ၊ သမိုင်းဝင်ရှေးဟောင်းအမွီအနှစ်တိ၊ သာသနိကအဆောက်အအုံတိ၊ မြို့ရွာတိဟိ ဈီးတိနန့် နှင့် လမ်းတန်းထားတိကို လီယာဉ်နန့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ စစ်သင်္ဘောတိထက်ကပ လက်နက်ကြီးတိနန့် ပစ်ခတ်တိုက်ခိုက်ခြင်းနန့် ၎င်းရို့၏ တပ်စခန်းတိ၊ လက်နက်ကြီးစခန်းတိက လက်နက်ကြီးတိနန့် ပစ်ခတ်တိုက်ခလူမျိုးရီတိကို တရက်ထက်တရက် မိုက်ရူးရဲဆန်စွာ ပိုမိုပြုလုပ်လျက်ဟိပါရေ။
အကြမ်းဖက်စစ်ကောင်စီ၏ ယင်းသို့ လူမျိုးရီးအမုန်းတရားတိကို အခြီခံပြီးကေ၊ စစ်ရီးပစ်မှတ်မဟုတ်တေ အပြစ်မဲ့ပြည်သူရို့ကိုအစုလိုက် အပြုံလိုက် နိစဉ်တိုက်ခိုက် သတ်ဖြတ်နီစွာရေ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းနန့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နီစွာပင်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ရို့နန့် လူမှုဘဝလုံခြုံမှုကို နိစဉ်နန့်အမျှ ခြိမ်းခြောက်နီရေလုပ် ရပ်တိနန့် ပြည်သူကို နိစဉ်သတ်ဖြတ်နီရေ လုပ်ရပ်တိစွာ မြန်မာနိုင် ငံအနှံ့ စစ်ကောင်စီ၏ နိစဉ်ကျူးလွန်နီရေ မရိုးနိုင်ရေ လုပ်ရပ်တိပင်ဖြစ်ကာ လွန်စွာမှ သိက္ခာမဲ့ရေ လုပ်ရပ်တိပင်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်ဖ၏ ထုတ်ပြန်ချက်မာ ဖော်ပြပါဟိပါရေ။









