
APM ၊ မာ့ချ် ၁၉ / ၂၀၂၃
မြောက်ဦးမြို့ဟိ ရှေးဟောင်းသမိုင်းဝင် ကိုးသောင်းပုထိုးတော်မြတ်ကြီး၏ ပထမအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို မာ့ချ် ၁၈ ရက်နိမှစ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ဟိကြောင်း သိရသည်။
ကိုးသောင်းဘုရားပွဲတော်ပထမနိဖြစ်သည် မာ့ချ် ၁၈ ရက်နိ၌ ပုထိုးတော်ကြီး၏ပရဝုဏ်အတွင်း စံပျော်နီသည့် ဘုရားဆင်းတု တော်များကို အနေကဇာတင်ခြင်း၊ ရဟန်း သံဃာတော်များမှ ပရိတ်၊ ပဋ္ဌာန်းရွတ်ဖတ်ခြင်းများဖြင့် စတင်ဖွင့်လှစ်ခကြောင်း ဂေါပကအဖွဲ့မှ ပြောသည်။
ယင်းအပြင် နိခင်းပွဲအဖြစ် ရက္ခိုင့်ရိုးရာ ကျင်ပွဲကျင်းပခပြီး ညည့်အချိန်တွင်လေ့ အောင်ပွဲစံ ဇာတ်သဘင်ဖြင့် ကပြဖျော်ဖြေခသည်ဟု ဆိုသည်။
ဒေနိဘုရားပွဲတော် ဒုတိယနိတွင် နိခင်းပွဲများအဖြစ် ရက္ခိုင်ရိုးရာကျင်ပွဲနန့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ကျင်းပလားမည်ဖြစ်ပြီး ညည့်အချိန်တွင် အောင်ပွဲစံ ဇာတ်သဘင်ဖြင့် ကပြဖျော်ဖြေလားမည် ဖြစ်သည်။
အဆိုပါ ရှေးဟောင်းသမိုင်းဝင် ကိုးသောင်းပုထိုးတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို အယင်က ကျင့်ပလိမဟိခဘဲ ဒေဂုနှစ်တွင် ပထမအကြိမ်ကျင်းပခြင်းဖြစ်ကာ မာ့ချ် ၁၈ ရက်နိမှ ၂၀ ရက်နိအထိ ၃ ရက်တိုင်တိုင် ကျင်းပလားမည်ဖြစ်ကြောင်း သိရသည်။


