
APM ၊ မာ့ချ် ၁၉ / ၂၀၂၃
ရက္ခိုင်ပြည်တိုက်ပွဲကာလများအတွင်း ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သည်ဟုမတရားစွပ်စွဲကာ မြန်မာစစ်တပ်၏ ဖမ်းဆီးတရားစွဲဆိုခြင်းခံထားရသူများ၏အမှုများမှာ ရုံးချိန်းအကြိမ်ကြိမ် အရွှိခံနီရ၍ အမှုကြန့် ကြာကာ မတရားဖမ်းဆီးတရားစွဲခံ ထားရသူများမှာ နစ်နာနီကတ်ရကြောင်း သိရသည်။
မြန်မာစစ်တပ်သည် ရက္ခိုင်ပြည်တွင် AA နန့် တိုက်ပွဲများပြင်းပြင်းထန်ထန် ဖြစ်ပွားသည့်အခါတိုင်း ရက္ခိုင်ပြည် မြို့နယ်အသီးသီမှ အပြစ်မဲ့ပြည်သူများကို AA နန့်ဆက်စပ်သည်ဟု စွပ်စွဲကာ မတရားဖမ်းဆီးလျက် ပုဒ်မအမျိုးမျိုး ဖြင့် တရားစွဲဆိုလိဟိသည်။
အဆိုပါအမှုများကို လက်ဟိ၌ ရမန်ကြီးတပတ်(၁၄ ရက်) သို့မဟုတ် ရမန်ချေတပတ်(၇ ရက်) တကြိမ်စီ ရုံးထုတ်စစ်ဆီးလျက်ဟိပြီး ရုံးချိန်တိုင်းတွင် မြန်မာစစ်တပ်ဖက်မှ တရားလိုများ အကြောင်းအမျိုးမျိုးပြကာ ရုံးချိန်း ပျက်ကွက်နီ၍ အကြိမ်ကြိမ်ရုံးချိန်းရွှိဆိုင်းနီရသည်။
ပြီးခသည့် တကျော့ပြန်တိုက်ပွဲကာလအတွင်းက မြန်မာစစ်တပ်ဖမ်းယူလားကာမတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)နန့်တရား တရားစွဲခံထားရသည့် ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရီးမှူး ဦးဝင်းမောင်အပါအဝင်ကျောက်ဖြူဒေသခံ ၁၄ ယောက်အမှုကို မာ့ချ် ၁၄ ရက်နိက ရုံးထုတ်ခကေလေ့ မြန်မာစစ်တပ်ဖက်မှ တရားလိုမရောက်၍ ရုံးချိန်းထပ်ရွှိလိုက်သည်။
ယင်းကျောက်ဖြူဒေသခံ ၁၄ ယောက်အား တရားစွဲဆိုထားသည့် တရားလိုများမှာ မြန်မာစစ်တပ်ဖက်မှ ဗိုလ်ကြီး ရှိုင်းထက်အောင်နန့် ဗိုလ်အဆင့်ရှိသူ တယောက်ဖြစ်ပြီး၊ သူရို့ နှစ်ယောက်သည် စတင်ရုံးထုတ်သည့် အချိန်ကစ၍ တကြိမ်တခါမျှ ရုံးချိန်းလာရောက်ခြင်းမဟိဟု ဆိုသည်။
ယင်းအပြင် AA အတွက် အခွန်ကောက်ခံပီးသည်ဟု စွပ်စွဲကာ ၁၇(၁)(၂)နန့် တရားစွဲဆိုခံထားရသည့် မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်အုပ်ချုပ်ရီးမှူးအမှုတွင်လေ့ ကျန်းမာရီးထိခိုက်နီသည့်ကြားက ရုံးချိန်းအကြိမ်ကြိမ်ရွှိဆိုင်းခံနီရ၍ နစ်နာမှုဟိနီသည်ဟု မိသားစုဝင်များက ပြောသည်။
အဆိုပါ ဥက္ကာပျံရပ်ကွက် အုပ်ချုပ်ရီးမှူးအမှုတွင် ကုန်ခသည့် ဖေဖော်ဝါရီ ၁၄ ရက်ရုံးချိန်း၌ တရားခံနန့် တရားလိုကို စစ်ဆီးခပြီးနောက် အပတ်စဉ် အင်္ဂါနီတိုင်း ရုံးချိန်းများကို အကြောင်းအမျိုးမျိုး၍ ရုံးချိန်းအကြိမ်ကြိမ် ရွှိဆိုင်းနီသည်ဟု ဆိုသည်။
ပြီးခသည့် ၂၀၂၀ပြည့်နှစ် ဂျုန်လကပင် AA နန့်ဆက်စပ်သည်ဟုဆိုကာ မတရားဖမ်းဆီးခပြီးနောက် “အကြမ်းဖက်မှု တိုက်ဖျက်ရီးဥပဒေ” ပုဒ်မ ၅၀(ဈ)၊ ၅၀(ည)ရို့နန့်တရားစွဲခံထားရသည့် ကိုသန်းနိုင်အပါ အဝင် တောင်ကုတ်ဒေသခံ ၅ ယောက်အမှုကိုလေ့ လိုပြသက်သီများက အကြောင်းအမျိုးမျိုးပြ ညစ်ပတ်စွာ တရားရုံးသို့ တသိတမင် မလာဘဲနီသဖြင့် လက်ဟိအချိန်ထိ အမှုမစစ်ဖြစ်သိမ့်ဟု သိရသည်။
ယင်းတောင်ကုတ်ဒေသခံ ၅ ယောက်အမှု၏ လိုပြသက်သီများမှာ “မြန်မာစစ်တပ် ဗိုလ်ကြီးတယောက်နန့်အမှုစစ်အရာဟိ” ရို့ဖြစ်ပြီး၊ ၎င်းရို့သည်တရားရုံးကိုမထီမဲ့မြင်ပြုလျက် အကြိမ်ကြိမ်ရုံးချိန်းလာရောက်ခြင်း မဟိသောကြောင့် အမှုမစစ်ရဘဲ သံတွဲထောင်၌ ၃ နှစ်နီးပါးကြာလာသည်အထိ ဥပဒေနန့်မညီ မတရားဖမ်း ဆီးချုပ်နှောင်ခံ ထားရသည်။
အလားတူ ကျောက်တော်အပါအဝင် တခြား ရက္ခိုင်ပြည်မြို့နယ်အသီးသီးမှ မြန်မာစစ်တပ်ဖမ်းဆီးတရားစွဲခံထားရ သူများ ၏ အမှုများတွင်လေ့ တရားလိုဖက်က ရုံးချိန်းပျက်ကွက်နီ၍ ကြန့်ကြာနီကတ်ရသည့် အမှုပေါင်းမြောက်များ စွာဟိနီပြီး၊ ရုံးချိန်း (၅) ကြိမ်ကနီ (၁၀) ကြိမ်ကျော်အထိ ရွှိဆိုင်းခံနီရသည်။
ယင်းသို့ တရားလိုဖက်မှ ရုံးချိန်းပျက်ကွက်နီ၍ စွပ်စွဲခံရသူအမှုသည်များတွင် ရုံးချိန်းလားရသည့် စရိတ်စခ အပါအဝင် နစ်နာမှုများစွာဟိနီကာအမှုကိုအယင်စစ်ဆီးပြီးအပြစ်ဟိက ပြစ်ဒဏ်ချ၊ အပြစ်မဟိက အယင် ဆုံး ပြန်လွှတ်ပီးစီချင်ကြောင်း စွပ်စွဲခံရသူများ၏ မိသားစုဝင်များက တောင်းဆိုနီကတ်သည်။
မြန်မာစစ်တပ်သည် စစ်ပွဲကနဦး ကာလကပင် ဒေနိအထိ အပြစ်မဲ့အာရက္ခပြည်သူစုစုပေါင်း ၅၉၄ ယောက်ကို အကြောင်းအမျိုးမျိုးပြဖမ်းဆီးခပြီးယင်းအထဲက ၃၉၁ ယောက်ကိုပြန်လွှတ်ပီးခကာကျန် ၂၀၃ ယောက် ကို လက်ဟိအချိန်ထိအချုပ် ခန်းများနန့်အကျဉ်းထောင်များ၌ထိန်းသိမ်းထားဆဲဖြစ်ကြောင်း AA ၏ ပြောဆိုချက်အရ သိရသည်။
ပြီးခသည့် ၂၀၂၂ ခုနှစ် နိုဗမ်ဘာ ၂၆ ရက်နိက AA နန့် မြန်မာစစ်တပ်ရို့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရီး စလုပ်ချိန် ကပင် ၂ လတာ ကာလအတွင်း ဖမ်းဆီးခံ အပြစ်မဲ့ပြည်သူများကို လွှတ်ပီးမည်ဟု ကတိ ကဝတ်ဟိကေလေ့ မြန်မာစစ်တပ်ဖက်က အကောင်အထည်ဖော်မှုအပိုင်း အားနည်းနီသည်ဟုလေ့ ရက္ခိုင့် တပ်တော် AA က ဝေဖန်ထောက် ပြထားသည်ကို တွိဟိရပါသည်။
